လက်တလောမှာ Seven ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ထွက်ရှိထားပြီး ပရိတ်သတ်အားပေးမှုလဲ အခိုင်အမာရရှိထားပါတယ်။ အခွေပေါက်တော့အရမ်းပျော်တယ် ဘ၀မှာ ပထမဆုံးအကြိမ် ကိုယ်တိုင်ပရိုဂျူဆာ လုပ်ပြီး ကိုယ်တိုင်ထုတ်ဖူးတဲ့ အခွေ စရောင်းတာနဲ့ တခဲနက်အားပေးပြီး အရောင်းရဆုံး နံပါတ်တစ် ဖြစ်သွားတယ်။ ဘ၀အတွက် အမှတ်တရမှတ်တိုင် ဖြစ်ခဲ့ ပြီး အခွေတွေတောက်လျှောက်ထွက်ခဲ့ ပေမယ့် နံပါတ်တစ်မဖြစ်ခဲ့ ပါဘူး ပထမဆုံးအကြိမ်ပါ ။
သီချင်းတွေနဲ့ ပတ်သတ်ပြီးတော့လဲ ကိုယ်ကြိုက်တာကိုယ်ရွေးခဲ့ ပေမယ့် ပရိတ်သတ်နဲ့ တထပ်တည်းကျတယ်ဆိုတော့ ပျော်မိတယ် ။နောက် ၁နှစ် ၂နှစ်လောက်နေရင်တော့ MTV ထုတ်မယ် နည်းနည်းတော့ကြာအုံးမှာပါ ။
Myanmar Idol မှာ ဒိုင်အနေနဲ့ ပါဝင်ထားပါမယ့် အခု season 3 မှာတော့ဘာမှပြောခွင့်မရှိသေးပါဘူး စောလဲစောသေးတယ် ။ကမ်းလှမ်းလာတဲ့ အချိန်မှာ အချိန်တွေဘယ်လို ဖြစ်မလဲမသိသေးတဲ့ အတွက် လုပ်နိုင်မလုပ်နိုင် ရှိသေးတယ် ။ ဒိုင်လုပ်ရတာပျော်တယ် ။ ဒိုင်ပြန်လုပ်ဖို့ကအခြေအနေအားလုံးအပေါ်မူတည်ပါတယ်လို့ ပြောသွားခဲ့ ပါတယ်။
Credit:Oasis
MYANMAR's GOT TALENT 2017 ပါရမီရှင်ရွေးပွဲကြီး ပြန်လာပါပြီ
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။