1. Home
  2. Special or Others

ကလေးကိုဆံပင်စောင့်ဆွဲပြီး သံမန်တလင်းပေါ်တရွတ်ဆွဲခေါ်ခဲ့တဲ့ မူလတန်းဆရာမ(ရုပ်/သံ)

Special or Others พ.ค. 05, 2560 view 1,677
တရုပ်နိုင်ငံ ဒေါင်ဂွမ်းပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် မူလတန်းပြဆရာမတစ်ဦးက ကျောင်းဝန်းအတွင် ငိုယိုပြီး သံမန်တလင်းပေါ် လဲကျနေသည့် ကလေးကို ဆံပင်မှစောင့်ဆွဲကာ ပြန်ထရန် အတင်းကြိုးစားနေရာ ကလေးငယ်မှ ပြန်မထနိုင်သဖြင့် ဆံပင်မှဆွဲကာ သံမန်တလင်းပေါ် တရွတ်တိုက်ဆွဲခေါ်ခဲ့သည်။ ကလေးငယ်မှာ နာကျင်လွန်းလှသဖြင့် ငယ်သံပါအောင် မလုပ်ပါနဲ့ဟု တောင်းပန်ရင်း တရွတ်တိုက်ပါသွားတာကို ကြည့်မိသူတိုင်း ကြေကွဲခဲ့ပြီး ပြစ်တင်ဝေဖန်သံများ လူမှုကွန်ယက်တွင် ဆူညံသွားခဲ့သည်။
 
 
အဆိုပါအဖြစ်အပျက်ကို ကျောင်းအနီးဖြတ်သွားသူတစ်ဦးက တွေ့ရှိပြီး ဗီဒီယိုမှတ်တမ်းတင်ကာ ဆရာမအား ကလေးကို ဘာလုပ်နေတာလဲလို့ လှမ်းပြောသည့်အခါ၊ ဆရာမဖြစ်သူက ရှင်နဲ့မဆိုင်ရင် ဝင်မပါနဲ့ ကိုယ့်လမ်းကိုယ်သွားဟာ ရန်တွေ့ခဲ့သည်။ တိုသူက ကလေးကို ဒီလိုမဆက်ဆံသင့်ကြောင်း ပြောဆုသည့်အခါမှ ဆရာမဖြစ်သူက ဒီကလေးဟာ သူ့သမီးဖြစ်ကြောင်း ပေကပ်ကပ်လုပ်နေလို့ ဒီလို လုပ်ရတာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
 
 
ဒါပေမယ့် ကလေးရဲ့ မိခင်ဟု သူမဟာလိမ်ညာ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဗီဒီယို၏ နောက်ပိုင်းမှာတော့ ကလေးရဲ့ မိခင်ဖြစ်သူက ကျောင်းအုပ်ကြီးရုံးခန်းသို့ လာရောက်ကာ အဆိုပါကိစ္စကို အရေးယူပေးရန် ဒေါသအိုးပေါက်ကွဲကာ ပြောဆိုနေသည်ကို တွေ့မြင်ရသည်။
 


Follow us on