1. Home
  2. Myanmar News

ကျောင်းဖွင့်ပါက ပြဌာန်းစာအုပ်အသစ်နဲ့သင်ရမယ့် ပထမတန်း

Myanmar News พ.ค. 05, 2560 view 1,551

ဒီနှစ်ကျောင်းဖွင့်ရင် ပထမတန်းစတက်ရမယ့် ကလေးတွေက ပြဌာန်းစာအုပ်အသစ်နဲ့ သင်ကြားရတော့မှာ ဖြစ်ပါတယ်။

ဒီနှစ်မှာ စတင်သင်ကြားမယ့် ပထမတန်း ပြဌာန်းစာအုပ်အသစ်မှာ ဘာသာရပ် ၉ ခု ပါဝင်မယ်လို့လဲ သိရပါတယ်။ ဘာသာရပ် ၉ ခုပေမယ့် အနုပညာဘာသာရပ်မှာ ပန်းချီနဲ့ ဂီတဆိုပြီး ၂ မျိုးပါဝင်မှာဖြစ်လို့ ပြဌာန်းစာအုပ်ကတော့ ၁၀ အုပ်အထိရှိမှာဖြစ်ပါတယ်။

ဒါသင် ဒါကျက် စနစ်မျိုးမဟုတ်ဘဲ စနစ်သစ်ကို ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုကို ဦးစားပေးပြီး သင်ရိုးညွှန်းတမ်းရေးဆွဲထားတဲ့ ပြဌာန်းစာအုပ်တွေ ဖြစ်တယ်လို့ ပေါ်ပြူလာနယူးစ်ဂျာနယ် သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ပထမတန်းသင်ရိုးသစ်ကို သင်ကြားပေးရမယ့် ဆရာဆရာမတွေကိုလဲ သင်တန်းတွေ ပေးနေပြီလို့သိရပါတယ်။

Source : Popular News

Photo Credit : Nippon Foundation



Follow us on