1. Home
  2. Good Morning Myanmar

မြန်မာနိုင်ငံက အမည်မည်းစာရင်း Blacklist သွင်းထားသူ (၄၀၀၀) ကျော်ရှိနေ

Good Morning Myanmar พ.ค. 05, 2560 view 1,561

မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် အမည်မည်းစာရင်း(Blacklist) သွင်းခံထား ရသူ အရေအတွက်ဟာ ယခုနှစ်မတ်လအထိ (၄၀၇၁)ဦးရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကသိရပါတယ်။

အမည်မည်းစာရင်းသွင်းခံထားရသူတွေနဲ့ပတ်သက်ပြီး နေပြည်တော်မှာ ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ မေလ(၂)ရက်ကပြုလုပ်ခဲ့တဲ့ အစိုးရရဲ့ပထမတစ်နှစ်တာကာလ အတွင်းပြုပြင်ဆောင်ရွက်ခဲ့မှုများနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောကြားလိုက်တာပါ။
 
မြန်မာနိုင်ငံကနေပြီး အမည်မည်းစာရင်း သွင်းခံထားသူများ အရေအတွက်ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က မြန်မာနိုင်ငံသား(၄၃၃)ဦး၊ နိုင်ငံခြားသား(၃၉၃၉)ဦး ရှိခဲ့တာဖြစ်ပြီး ယခုအစိုးရသစ်လက်ထက်မှာတော့ နိုင်ငံသား(၂၀)ဦးနဲ့ နိုင်ငံခြားသား(၃၄၁)ဦးကို ထပ်မံရေးသွင်းခဲ့တယ်လို့သိရပါတယ်။ 
 
ဒါကြောင့် အမည်မည်းစားရင်းဝင် စုစုပေါင်း နိုင်ငံသား (၄၅၃)ဦးနဲ့ နိုင်ငံခြားသား(၄၂၇၈)ဦးရှိခဲ့ကာ အဲဒီထဲက ဥပဒေနဲ့ညီညွတ်တဲ့ နိုင်ငံသား(၂၇၅)ဦးနဲ့ နိုင်ငံခြားသား(၃၈၅)ဦးတို့ကို အမည်မည်း စာရင်းကနေ ပယ်ဖျက်ပေးခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ကျန်ရှိနေသေးတဲ့ အမည်မည်းစာရင်းသွင်းခံထားရသူ မြန်မာနိုင်ငံသား(၁၇၈)ဦးနဲ့နိုင်ငံခြားသား(၃၈၉၃)ဦးတို့ထဲက ဥပဒေနဲ့အညီ ထပ်မံပယ်ဖျက်ပေးသွား မယ်လို့သတင်းရရှိသည်။
 
Credit:Good Morning Myanmar


Follow us on