1. Home
  2. Myanmar News

နိုင်ငံတော်သမ္မတကြီးနှင့် ပက်သက်၍ သတင်းမှားယွင်းစွာ ဖော်ပြမိခဲ့သည့်အတွက် အနူးညွတ်ပြန်လည်ဝန်ချတောင်းပန်ခြင်း

Myanmar News พ.ค. 05, 2560 view 1,566
မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က မြန်မာနိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် နှုတ်ထွက်စာတင်ထားသည် ဆိုသော သတင်းကို မှားယွင်းစွာ ဖော်ပြမိခဲ့သည့်အတွက် နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်၊ အစိုးရလူကြီးမင်းများနှင့်တစ်ကွ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကို လေးစားစွာဖြင့် ဝန်ချတောင်းပန်အပ်ပါသည်။
 
ပိုပိုလေးဝဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြခဲ့သော အဆိုပါ သတင်းမှာ NLD Central News ဆိုသည့် Facebook စာမျက်နှာမှ ကူးယူဖော်ပြမိခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ NLD Central News Facebook Page သည် NLD အစိုးရ၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို အမြဲဖော်ပြနေခဲ့သည့်ဟု ယုံကြည်မိပါသောကြောင့် BREAKING NEWS အနေနှင့် ရေးသားလာသော သတင်းကို မဟုတ်မမှန်သတင်းဟု မမှတ်ထင်မိပဲ ပြန်လည် ဖော်ပြမိခဲ့ခြင်းဖြစ်ပါသည်။
 
ဝဘ်ဆိုက်တွင် တင်ပြီးပြီးချင်းမှာပင် သတင်းမှားယွင်းနေကြောင်း ဝေဖန်ပြောဆိုခဲ့ကြသဖြင့် ချက်ခြင်းပင် ဝဘ်ဆိုက်နှင့် popolay Facebook page တို့မှ လုံးဝဖယ်ရှားခဲ့ပါသည်။
ယခုကဲ့သို့ မှားယွင်းဖော်ပြမိခဲ့သည့်အတွက် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ကို ခွင့်လွှတ်ပေးပါရန် အထူးမေတ္တာရပ်ခံ ဝန်ချတောင်းပန်အပ်ပါသည်။
ထို့အတူစွာပင် သတင်းအမှားကြောင့် စိတ်အနှောက်ယှက်ဖြစ်ခဲ့ရသည့် မြန်မာပြည်သူပြည်သားများ အားလုံးကိုလည်း ခွင့်လွှတ်ပေးပါရန် အနူးညွတ် တောင်းပန်အပ်ပါသည်။
 
နောက်နောက်တွင် နိုင်ငံရေးနှင့် ပက်သက်ဆက်နွယ်သော သတင်းများအား ပိုမိုစိစစ်ကာ ဖတ်ရှုသူများ အကျိုးဖြစ်ထွန်းစေမည့် သတင်းဆောင်ပါးကောင်းများကိုသာ ရွေးချယ်ဖော်ပြသွားမည်ဖြစ်ကြောင်း အနူးညွတ်ပန်ကြားတောင်းပန်အပ်ပါသည်။
သတင်းစတင်ရာရင်းမြစ်နှင့် ဓါတ်ပုံများကို မှားယွင်းစွာဖော်ပြမိကြောင်း သက်သေအဖြစ် တင်ပြလိုက်ရပါသည်။
 
ပိုပိုလေးအဖွဲ့သားများ 
popolay.com
 
သတင်းစတင်ရာရင်းမြစ် : https://www.facebook.com/nldcentral.2070/photos/a.1851823245094394.1073741828.1851820295094689/1873606906249361/?type=3
 
SCREEN SHOTS
 
 

 
 


Follow us on