1. Home
  2. Special or Others

တီထွင်ဆန်းသစ်မှုနှင့်အသုံးဝင်မှုပေါင်းစပ်ထားသည့် Galaxy S8 နှင့် Galaxy S8+

Special or Others พ.ค. 08, 2560 view 1,765

၅.၈ လက်မ အရွယ်အစားရှိGalaxy S8 နှင့် ၆.၂ လက်မ အရွယ်အစားရှိ Galaxy S8+ တို့တွင် အဆုံးအစမဲ့သော Infinity မျက်နှာပြင် နှင့် ဘေးဘောင်ဖျောက်ထားသောဒီဇိုင်းပုံစံပါ။ဒီဇိုင်းကြောင့် ခလုတ် နှင့် ကြမ်းတမ်းသော ထောင့်များ မပါဝင်တော့ဘဲ ချောမွေ့၍ အဆုံးအစမဲ့သောမျက်နှာပြင်ကို ခံစားသုံးစွဲနိုင်မည်ဖြစ်သည်။

ကျစ်လျစ်သည့်ဒီဇိုင်းကြောင့် ဖုန်းကိုလက်တစ်ဖက်တည်းဖြင့် အဆင်ပြေစွာကိုင်တွယ်နိုင်မည်ဖြစ်ပြီး Corning® Gorilla® Glass 5 အား ဖုန်း၏ ရှေ့နောက်မျက်နှာပြင် နှစ်ဘက်စလုံးတွင် အသုံးပြုထားသည်။အထက်ပါ နည်းပညာကြောင့်ဒီစမတ်ဖုန်းက အကြမ်းခံ၍ အရည်အသွေးမြင့်မားသည်။

ယေဘုယျအားဖြင့်လေ့လာမယ်ဆိုရင် Samsung Galaxy S8 နှင့် Galaxy S8+ မှာ အဓိကအချက် ၅ချက်ရှိသည်။အဆိုပါအချက်တွေကတော့ အရည်အသွေးမြင့်ကင်မရာ၊ စွမ်းအားမြင့် စွမ်းဆောင်ရည်၊သဘောကျနှစ်ခြိုက်ဖွယ်ရာ ဖျော်ဖြေရေး၊ကမ္ဘာ့အဆင့်မီ ဖုန်းတွင်းလုံခြုံရေးစနစ် ၊ ဖုန်းနှင့် အပြန်အလှန်ချိတ်ဆက်နိုင်မည့် နည်းလမ်းသစ် ပဲဖြစ်သည်။

Galaxy S8 နှင့် S8+ တို့အား မေလ ၁၂ ရက်၊ ၂၀၁၇ မှစတင်၍ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် စတင် ၀ယ်ယူရရှိနိုင်မည်ဖြစ်ပြီး အနက်ရောင် (Midnight Black)၊ ရွှေရောင် (Maple Gold) နှင့် မီးခိုးရောင် (Orchid Gray) အစရှိသည်ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် Samsung Galaxy S8 စမတ်ဖုန်းများအား  မြန်မာကျပ်ငွေ ၁,၀၆၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း Galaxy S8+ စမတ်ဖုန်းများအား မြန်မာကျပ်ငွေ ၁,၁၉၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း မိမိနှစ်သက်ရာကိုဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

 



Follow us on