1. Home
  2. Special or Others

လင်ယောက်ျားအိမ်ပြန်ချိန်ကို အချိန်မှတ်စက်တပ်ပြီး ထိန်းချုပ်လိုက်တဲ့ ဇနီးသည်

Special or Others พ.ค. 08, 2560 view 1,417
တရုပ်နိုင်ငံက အိမထောင်ရှင်မ အမျိုးသမီးတစ်ဦးဟာ နေ့တိုင်းနီးပါး အလုပ်ကပြန်လာတာ မိုးချုပ်တဲ့ ခင်ပွန်းသည်ကို သီးမခံနိုင်တော့တဲ့အဆုံး အိမ်အဝင်အထွက်မှာ Punch machine (အချိန်မှတ်စက်) တပ်ဆင်ကာ စည်းကမ်းထုတ်ခဲ့ပါတယ်။
 
ဝန်ထမ်းများ၏ ထုံစံအတိုင်း အချိန်ပိုဆင်းရတာမျိုးတွေ ရှိတတ်တာကို သူမအနေနဲ့ နားလည်ပေမယ့် အလွန်အမင်း အိမ်ပြန်နောက်ကျတာကိုတော့ လုံးဝသီးမခံနိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူမဟာ နေအိမ်အပေါက်ဝမှာ အချိန်မှတ်စက် တပ်ဆင်လိုက်ပြီး ယောက်ျားဖြစ်သူ အလုပ်သွားအလုပ်ပြန်ချိန်ကို Punch card ရိုက်နှိပ်ရမှာ ဖြစ်ပါတယ်။
 
သူမရဲ့ စည်းကမ်းချက်အရ အိမ်ကိုနေ့တိုင်း ည ၉ နာရီမထိုးမီမှာ ပြန်ရောက်ရမှာဖြစ်ပါတယ် (သေရေးရှင်ရေး အရေးပေါ်အခြေအနေမှအပ)။ ည ၉ နာရီ မထိုးမီ အိမ်ပြန်ရောက်ပြီး သူမနှင့်အတူ ညစာစားပါက ပန်းကန်ခွက်ယောက်တွေ ဆေးစရာ၊ သိမ်းစရာမလိုပါဘူး။ အကယ်၍ ၉ နာရီထက်နောက်ကျခဲ့ပါက ဒဏ်ငွေ တရုပ်ယွမ်ငွေ ၁၀၀ (ကျပ် ၂၀,၀၀၀ နီးပါး) ပေးဆောင်ရမှာဖြစ်ပါတယ်။
 
အဆိုပါ သတင်းဟာ အင်တာနက်ပေါ်ပျံ့နှံ့ခဲ့ပြီး ခင်ပွန်းယောက်ျားရဲ့ လွပ်လပ်ခွင့်ကို ပိတ်ပင်တာဟု ဝေဖန်မှုတွေ ရှိခဲ့သလို အိမ်ရှင်မ အများစုကလည်း အိမ်မှာလည်း ဒီလိုစက်တပ်လိုက်ရင် ကောင်းမယ်ထင်တယ်ဟု ဝင်ရောက်ရေးသား ပြောဆိုခဲ့ပါတယ်။
 
Punch machine တပ်ထားတဲ့ အိမ်ရှင်မကေတော့ ယောက်ျားရဲ့ အလုပ်ချိန်ကို စည်းကမ်းတကျ ကိုင်တွယ်နိုင်ပြီဆိုတာနဲ့ သူ့ရဲ့ အားလပ်ချိန်တွေကိုလည်း အလိုလို သိရှိကိုင်တွယ်နိုင်ပြီဂသားဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 
 
တစ်ကယ် အလုပ်ဖြစ်မဖြစ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 
ကဲ… ဘယ်လိုလဲ အိမ်ရှင်မတွေရော အိမ်ပြန်နောက်ကျတတ်တဲ့ ခင်ပွန်းသည်တွေအတွက် အချိန်မှတ်စက် တပ်သင့်တယ်လို့ ယူဆနေပါသလား…။
 


Follow us on