1. Home
  2. Special or Others

တက်တူးပါတဲ့ ပင်လယ်ငါးကြီးတစ်ကောင် ဖိလစ်ပိုင်ရေလုပ်သားများဖမ်းမိ

Special or Others พ.ค. 08, 2560 view 2,272
ခန္ဓာကိုယ်တွင် တက်တူးထိုးထားသကဲ့ ဒီဇိုင်းပုံပန်းကျနနေပြီး စာသားများသဏ္ဍန်ပင် ပေါ်နေသော ပင်လယ်ငါးကြီးတစ်ကောင်ကို ဖိလစ်ပိုင်နိုင်ငံ Lopez Jaena ဒေသတွင် ရေလုပ်သားများက ဖမ်းမိခဲ့ခြင်းဖြစ်သည်။
 
 
ထူးဆန်းလှသော အဆိုပါ ငါကြီး၏ ပုံများကို ဖိလစ်ပိုင် သတင်းမီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ ဓါတ်ပုံ သုံးပုံဖေိာပြခဲ့ရာ အခြားငါးတစ်ကောင်၏ အရေပြားပေါ်တွင် သဘာဝအတိုင်း ပြောင်ချောနေသော်လည်း တက်တူးကွက်များကဲ့သို့ ပေါ်နေသော ငါး၏အရေပြားမှာ သေသေချာချာ တက်တူးထိုးသကဲ့သို့ ဖြစ်နေတာကို မြင်တွေ့ကြရပါတယ်။
 
 
ဘာကြောင့်မို့ ဒီလို ဖြစ်ရတယ်ဆိုတဲ့ ရင်းမြစ်ကို သေချာစွာ မသိရသော်လည်း အွန်လိုင်းတွင် သုံးသပ်ပြောဆိုသူအချို့က ပင်လယ်အတွင်းသို့ စွန့်ပစ်သည့် ပုံနှိပ်ထားသော လူ့အသုံးအဆောင် ပလပ်စတစ်များက အဆိုပါငါး၏ ခန္ဓာကိုယ်ပေါ်တွင် အချိန်ကြာမြင့်စွာ ရစ်ပတ်ကပ်မိနေပြီးနောက် အရေးပြားတွင် တက်တူးပုံသဏ္ဍန်များ ဖြစ်ပေါ်ခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။
 
စာဖတ်သူတွေအနေနဲ့ရော ဘယ်လိုများ ထင်မြင်သုံးသပ်မိပါသလဲဆိုတာ ကွန်မန့်ပေးခဲ့ကြပါဦး..။
 


Follow us on