1. Home
  2. Special or Others

ရေအောက်တွင် ကြော်ငြာရိုက်ကူးရာမှ မော်ဒယ်လ်တစ်ဦး ငမန်းကိုက်ခံရ(ရုပ်/သံ)

Special or Others พ.ค. 08, 2560 view 1,839
ဆက်စီမော်ဒယ်လ် ဖြစ်သူ Molly Cavalli က ကြော်ငြာတစ်ခုအတွက် ရေအောက်တွင် ကိုယ်ဟန်ပြ ရိုက်ကူးနေစဉ် ၁၀ ပေအရှည်ခန့်ရှိသော ငမန်းကြီးတစ်ကောင် အကိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။
 
 
ပုံမှန်အားဖြင့် ငမန်းများသည် လူကိုရည်ရွယ်ကာ တိုက်ခိုက်တတ်သည့် သတ္တဝါမဟုတ်ပဲ သူတို့၏ အစာဖြစ်သော ပင်လယ်လိပ်များနှင့် အခြားရေသတ္တဝါများနှင့် မှားယွင်းကာ ကိုက်ဖြတ်တတ်ကြခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ 
 
 
ယခု ကြော်ငြာရိုက်ကူးမှုတွင် သံပခြုပ်ထဲသို့ မော်ဒယ်လ်အား ဝင်ရောက်စေပြီး ရေအောက်မှ ကင်မရာသမားများက ရေငုတ်ဝတ်စုံများနှင့် ရိုက်ကူးခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ် သံပခြုပ်ထဲမှ မော်ဒယ်လ် တစ်စုံတစ်ခု မှားယွင်းသွားဟန်တူပြီး ငမန်းကြီးတစ်ကောင်မှ တိုးဝှေ့ကာ ကိုက်ဖြတ်ခဲ့သဖြင့် သွေးများလျှံတတက်လာသည်ကို ဗီဒီယိုထဲတွင် တွေ့မြင်ခဲ့ရသည်။
 
 
ကံကောင်းသည်ဟုဆိုရပါမည်။ ငမန်းက ဆက်တိုက် မတိုက်ခိုက်ပဲ တစ်ချက်သာ ကိုက်ပြီး ပြန်လှည့်သွားသဖြင့် မော်ဒယ်လ်မှာ အသက်ခမ်းသာရာရခဲ့သည်။ ငမန်းကိုက်ဒဏ်ရာကို အချက် ၂၀ ချုပ်ခဲ့ရကြောင်း သိရှိရသည်။
 


Follow us on