1. Home
  2. Movie Stars - Celebrity

EXO fan တွေရဲ့ခံစားချက်ကို နားလည်ပေးတဲ့ ဖွေးဖွေး

Movie Stars - Celebrity พ.ค. 09, 2560 view 1,542

မကြာသေးခင်က လာရောက်ဖျော်ဖြေသွားတဲ့ တောင်ကိုရီးယား kpop အဖွဲ့ EXO ကိုချစ်တဲ့ ပရိသတ်တွေအပေါ် အင်တာနက်ပေါ်ကနေ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီလိုဝေဖန်မှုတွေကို ပြန်လည်ဝေဖန်သူတွေရှိသလို EXO fan တွေရဲ့ ခံစားချက်ကိုနားလည်ပေးသူတွေလဲ ရှိကြပါတယ်။ EXO fan တွေရဲ့ ခံစားချက်ကို နားလည်ပေးသူတွေထဲမှာ ပြည်သူ့အချစ်တော် မင်းသမီး ဖွေးဖွေးလဲ တစ်ယောက်အပါအ၀င် ဖြစ်ပါတယ်။

“ကလေးတွေငိုနေတဲ့ပုံကို မတင်သင့်တာပါ… ခုတော့တောပြောတောင်ပြော ပြောခံကြရရှာပြီ … ကိုယ်တွေ Teenage တုန်းကလဲ အဲ့လို ဖြူဖြူစင်စင် သည်းသည်းလှုပ်ချစ်ရတဲ့ idol အနုပညာရှင်တွေ ရှိတာပဲ…သူတို့ဟာသူတို့ အားပေးချင်တဲ့ အနုပညာရှင်ကို အားပေးချင်သလို အားပေးမှာပေါ့…ငယ်ငယ်တုန်းက Back Street Boys တို့ Linkin Park တို့ Yangon လာကြည့်ပါလား… ဖြူစင်တဲ့အချစ်တွေနဲ့ ဓာတ်ပုံလေးတွဲရိုက်ဖို့ ဖျာပါခင်း အိပ်စောင့်မှာ လူတစ်ယောက်မှာ ကိုယ့် ကိုယ်ပိုင် အသည်းနှလုံးတစ်ခုစီ အပိုင်ပါတာပဲလေ I Love People Who Have Passion For Art And Artists & I Feel The Pure Hearts of Fans. Some People Just Sexualize upon the Innocence … Feel မိတာလေး share ရုံပါ ဘယ်သူ့ကိုမှ မတိုက်ခိုက်ပါရှင် Have A Lovely Day…” လို့ ဖွေးဖွေးက သူ့ရဲ့ခံစားချက်လေးကို မျှဝေထားပါတယ်။

Source : ဖွေးဖွေး ဖေ့စ်ဘွတ်


 



Follow us on