1. Home
  2. Special or Others

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် Honorary Freedom of The City of London ဆု လက်ခံရယူ

Special or Others พ.ค. 09, 2560 view 1,414

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Honorary Freedom of
The City of London ဆု ကို မနေ့ကလက်ခံရယူခဲ့သည်။ အဆိုပါဆုကိုလန်ဒန်မြို့တော်မှ ပေးအပ်သည့်အမြင့်ဆုံးဆုဖြစ်သည်။


ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ တရားဝင်ခရီးရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည်(၈.၅.၂၀၁၇)တွင် ဗြိတိန်နိုင်ငံကာကွယ်ရေး ၀န်ကြီးနှင့်တွေ့ဆုံပြီး ၁၂နာရီခွဲတွင် လန်ဒန်မြို့ရှိ Guildhall၌ ကျင်းပသည့် Honorary Freedom of The City Award of London ဆုချီးမြှင့်ပွဲ သို့တက်ရောက်ကာ ဆုလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ယခုချီးမြှင့်သည့် Honorary Freedom of The City Of
London ဆုမှာ လန်ဒန်မြို့တော်မှ ပေးအပ်သည့် အဆင့်အမြင့်ဆုံးဆု ဖြစ် အဆိုပါဆုကို ယခင်က ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ တောင်အာဖရိကသမ္မတ နိုင်ငံ သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၊ ကမ္ဘာကျော်သိပ္ပံ ပညာရှင် ပါမောက္ခစတီဗင်ဟော့ကင်း နှင့် ဗြိတိန်နိုင်ငံဝေလမင်းသမီး ဒိုင်ယာနာတို့ကို လည်း ဂုဏ်ပြု ပေးအပ်ချီးမြှင့်ခဲ့ဖူးကြောင်းသိရသည်။



Follow us on