1. Home
  2. Movie Stars - Celebrity

ခေတ်အဆက်ဆက်ဆင်ဆာအဖွဲ့ ဒီလက်ထက်မှာပြင်ပေးစေချင်ပါပြီ လို့ပြောလာတဲ့ ဒါရိုက်တာမိုက်တီး

Movie Stars - Celebrity พ.ค. 09, 2560 view 1,422

မြန်မာ့ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ဧပြီ၂၉ရက်နေ့ကပြုလုပ်ခဲ့ ပါတယ်။ရုပ်ရှင်ဆင်ဆာနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတခုပြုလုပ်ခဲ့ ပြီးတော့ ဒါရိုက်တာမိုက်တီး ကလည်း ရုပ်ရှင်ဆင်ဆာမရှိသင့်တဲ့ အကြောင်းကိုလည်း ပါဝင်ဆွေးနွေးခဲ့ ကြပါတယ်။ “အရှေ့မှာ ရုပ်ရှင်ဆင်ဆာနဲ့ ပတ်သတ်ပြီး ပြောသွားတာတွေ အရမ်းကောင်းပါတယ် ။ဒါပေမယ့် ကျွန်တော်တို့ သိတာက ကျွန်တော်တို့ တစ်ဘ၀လုံး ဒီရုပ်ရှင်ဆင်ဆာက ပတ်သက်ခဲ့ တာပါ ။ မမွေးခင်ကတည်းက ရုပ်ရှင်ဆင်ဆာ ဒီနေ့ထက်ထိ ရုပ်ရှင်ဆင်တာနဲ့ ပဲ နပန်းလုံးသွားနေရတုန်းပါပဲ ။

ကျွန်တော်တို့ ရုပ်ရှင်ဆင်ဆာဆိုတာက ထုတ်လုပ်သူအားလုံးကို မေးကြည့်ပါ ရုပ်ရှင်ဆင်ဆာကို ပိုက်ဆံပေးရင်ရတယ် မပေးရင်မရဘူး ရုပ်ရှင်ဆင်ဆာရှိလို့ ရုပ်ရှင်လောက တိုးတက်လာမလား ။ ရုပ်ရှင်ဆင်ဆာရှိလို့ ရုပ်ရှင်လောကသားတွေ ကျွန်တော်တို့ တွေဘာတွေတိုးတက်လာသလဲ ။ ကျွန်တော်တို့ကို ဆင်ဆာဖြတ်တယ် ။ ရဲတွေ၊ တရားသူကြီးတွေ ၊ လာဘ်မစားရဘူး ၊ အဲ့ဒိတော့ ကျွန်တော်တို့တွေ လက်စားတာ မရိုက်ရဘူး ။ အဲ့ဒိတော့ အပြင်မှာ ဘာတွေ ဖြစ်နေလဲ ။

တကယ်လို့ ဆင်ဆာ မရှိရင် ဘယ်သူလာဘ်စားတာလဲ ။ လာဘ်စားတာကို ရိုက်ပြပြီး ပြောပြရမှာပဲလေ ။ အဲ့ဒိလိုမှ ပြင်ကြမှာလေ။ ကျွန်တော့ အသက် ၅၂ နှစ်ရှိပြီ ကျွန်တော်တို့ ကို တစ်သက်လုံး ရိုက်နှက်ချုပ်နှောင်လာတဲ့ ခေတ်အဆက်ဆက်က ဆင်ဆာအဖွဲ့ ဒီလက်ထက်မှာပြင်ပေးပါဗျာ” ဆိုပြီး တင်ပြ ပြောဆိုခဲ့ ပါတယ်။

Credit:Oasis



Follow us on