1. Home
  2. Movie Stars - Celebrity

ပရိသတ်ကြီး မဝယ်နိုင်မှာစိုးလို့ ကိုယ်ပိုင် Brand ပစ္စည်းမထုတ်ရဲပါဘူးလို့ ဆိုလာတဲ့ ဖြူဖြူကျော်သိန်း

Movie Stars - Celebrity พ.ค. 10, 2560 view 1,423
နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းက အခြားအနုပညာမောင်နှမတွေ ကိုယ်ပိုင် Brand တွေနဲ့ အလှကုန်၊ လူသုံးကုန်ပစ္စည်းတွေ ထုပ်လုပ်ရောင်းချနေချိန်မှာ သူမအနေနဲ့ ကိုယ်ပိုင် Brand ပစ္စည်းထုတ်လုပ်ပြီး မရောင်းချရတဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘွခ်စာမျက်နှာထက်ကနေ ဖြေကြားထားခဲ့ပါတယ်။
 
****************************
ခုတလောဖြူဖြူ့ကို မီဒီယာတွေက ဒီမေးခွန်းလေးခဏခဏမေးနေလို့... ပရိသတ်ကြီးလည်းသိချင်မယ်ထင်လို့... ဝေမျှပေးလိုက်ပါတယ်ရှင်..
 
မေး။ ။ ဖြူဖြူ့ အနေနဲ့ကိုယ်​ပိုင်​စီးပွား​ရေးလုပ်​ဖို့နဲ့ကိုယ်ပိုင် Brand ပစ္စည်းထုတ်​ဖို့ရှိမလားသိချင်ပါတယ်။
 
ဖြေ။ ။ အမှန်​အတိုင်းဝန်​ခံရရင်​​လေ.... ဖြူဖြူ့ ဘဝမှာ အလုပ်​တတ်​ဆုံးနဲ့ အမှတ်​တရအဖြစ်​ဆုံးကိုယ်ပိုင် Brand အမှတ်​တံဆိပ်​ပစ္စည်းကို ထုတ်​လာခဲ့တာအနုပညာသက်​တမ်း(၁၄)နှစ်​ရှိပါပြီ။ အဲ့ဒါဘာလဲဆိုတော့..."ဖြူဖြူ​ကျော်​သိန်း" ဆိုတဲ့နာမည်​​လေးနဲ့ ထုတ်​တဲ့သီချင်း​တွေ၊ တစ်ကိုယ်​​တော်​အ​ခွေ​လေး​တွေပါ။ 
ဖြူဖြူ ကိုယ်​စွမ်း၊ ဉာဏ်​စွမ်း၊ အနုပညာအစွမ်း၊ ပါရမီစွမ်း ၊ ငွေစွမ်း၊ လူအင်​အားအစွမ်း၊ အချိန်စွမ်း ရှိသမျှ​ပေးပြီးအကောင်းဆုံးထုတ်​ခဲ့တဲ့ပစ္စည်း​လေး​တွေပါ။
အဲဒီ့ပစ္စည်း​လေး​တွေကတစ်​ချပ်​ကို (၂၅၀၀)ကျပ်၊ (၃၀၀၀)ကျပ်ပဲတန်​ပါတယ်​ရှင့်။
ဒါကို​တောင်​မှတစ်​နိုင်​ငံလုံးအင်​အားနဲ့ကြည့်မယ်​ဆိုပရိတ်​သတ်​အများစုက ဝယ်​နိုင်​တဲ့အင်​အားမရှိရှာဘူးရှင့်။
 
ဆို​တော့ကာ.... ဒီထက်​​ဈေးကြီးတဲ့ပစ္စည်းတွေထုတ်​မယ်​ဆို ပရိတ်​သတ်​ကဝယ်​နိုင်​ပါ့မလား?...... သိပ်​များနှိပ်​စက်​ရာကျမလား?...လို့ ကိုယ့်တ​ယောက်​တည်းအမြင်​နဲ့ စဉ်းစားမိပါတယ်။ စီးပွား​ရေးလုပ်​တတ်​တဲ့အနုပညာညီအစ်​ကို​မောင်​နှမ​တွေကို လေးလည်းလေးစားတယ်​..... အားလည်းကျပါတယ်​။
 
ဒါ​ပေမယ့် ကိုယ့် brand name နဲ့ထုတ်​တဲ့ ဒီအ​ခွေ​လေးကို​တောင်​မှ လူအများစုကဝယ်​နိုင်​ရှာကြတာမှမဟုတ်​တာ။
အမှန်​အတိုင်း​ပြောရရင်​ဒီအ​ခွေဆိုတာက​ဈေးအ​ပေါဆုံးပဲလေ။
တခြားပစ္စည်း​တွေဆိုရင်ကုန်​ကြမ်းကအစ နိုင်​ငံခြားကသွင်းရမယ်​။ ဘယ်​ပစ္စည်းမဆို(၂၅၀၀)ကျပ် ၊ (၃၀၀၀)ကျပ် ထက်​​ဈေးကြီးမှာအမှန်​ပဲ။
ဒါ​ကြောင့် ဖြူဖြူ မလုပ်​ရဲဘူး​ရှင့်…
 
 
လို့ ဖြေကြားရေးသားထားခဲ့ပါတယ်။ ပရိသတ်ကြီးအနေနဲ့ ဖြူဖြူကျော်သိန်းရဲ့ Brand ပစ္စည်းအစစ်တွေကို တစ်ကယ်အားပေးချင်တယ်ဆိုရင်တော့ နီးစပ်ရာ ဆိုင်တွေကနေ ဖြူဖြူကျော်သိန်းရဲ့ အမှန်အကန်(ခိုးကူးခွေမဟုတ်) တေးစီးရီးအယ်လ်ဘမ်တွေကို ဝယ်ယူအားပေးနိုင်ကြပါပြီ။
 
Credit: Phyuphyukyawthein Facebook
 


Follow us on