တေးချစ်သူ မြန်မာပရိသတ်များရဲ့ ရင်ထဲမှာ ထာဝရနေရာယူထားတဲ့ အဆိုတော်အောင်ရင်ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းအသစ်ဖြစ်သည့် “မပြန်တဲ့ရထား” သီချင်းကို စတူဒီယိုတွင် အသံသွင်းယူလျှက်ရှိပြီး မကြာမီမှာ ပရိသတ်ကြီးနားဆင်ရတော့မည်ဖြစ်ကြောင်း အဆိုတော် အောင်ရင်က သူ၏ လူမှုကွန်ယက် ဖေ့စ်ဘွခ်စာမျက်နှာမှ အသိပေးခဲ့သည်။
ကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့ ထူးအိမ်သင်(ဆရာငှက်ကြီး) သီဖွဲ့ပေးခဲ့တဲ့ “အိမ်မက်ထဲကရထားကြီး” သီချင်းကို အဆိုတော် ကိုဖိုးကာ က ပြန်လည်ထပ်ထပ်ဆင့်ခံစားသီဖွဲ့ကာ “မပြန်တဲ့ရထား” အမည်ဖြင့် သီကုံးရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။
“မပြန်တဲ့ရထား” တေးသီချင်းကို Evening Star Music Band က တီးခတ်ပေးထားပြီး 1235 Studio တွင် အသံဖမ်းလျှက်ရှိကြောင်း သိရှိရသည်။
Credit: Aung Yin Facebook