1. Home
  2. Movie Stars - Celebrity

မိုးကုန်ရင် သီချင်း တစ်ပြုံကြီး ပို့ပေးလိုက်မယ် ဆိုတဲ့ နိုင်းဝမ်း

Movie Stars - Celebrity พ.ค. 11, 2560 view 1,624

ရသမြောက်တဲ့ သီချင်းတွေနဲ့ ပရိသတ်ရဲ့အားပေးမှုရထားတဲ့ အဆိုတော်နိုင်းဝမ်းက သီချင်းအသစ်တွေ ဖိလုပ်နေတယ်လို့ ပြောပါတယ်။

အိမ်တောင်ပြန်မအိပ်ဖြစ်ဘဲ စတူဒီယိုထဲမှာ သီချင်းတွေနဲ့မြောနေတဲ့ နိုင်းဝမ်းက ဒီတစ်ခါမှာတော့ အရင်လို သီချင်းတစ်ပုဒ်ချင်း ပရိသတ်ကို ပေးမှာမဟုတ်တော့ဘဲ တစ်ပြုံကြီးကို မိုးကုန်ရင် ပရိသတ်ဆီကို အရောက်ပို့ပေးမယ်လို့ သူ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလို ရေးသားထားတာတွေ့ရပါတယ်။

“ဒီရက်ပိုင်း ကျွန်တော့သီချင်းတွေ ပင်တိုင်တီးပေးတဲ့ Dj Rush Zayhtoo Aung ရဲ့ စတူဒီယိုထဲမှာပဲ သီချင်းအသစ်တွေချည်း ဖိလုပ်နေတာနဲ့ Facebook ထဲတောင် ၀င်မလာဖြစ်ဘူးဗျာ … ဘယ်လိုလဲ အားလုံးနေကောင်းကျန်းမာပါစ…ကျွန်တော်ကတော့ အိပ်တောင်ပြန်မအိပ်ဖြစ်တာ တော်တော်ကြာပေါ့…လူလဲတော်တော်ဂျုံးနေပြီ … နောက်ရက်တွေလဲ ဒီနေရာမှာ ကျွန်တော့ကိုမတွေ့ရင် စိတ်ပူမနေကြပါနဲပ … စတူဒီယိုထဲမှာပဲ မျောနေလို့ပါ…သီချင်းအသစ်တွေ အရင်လို တစ်ပုဒ်ချင်း ချမပြတော့ဘူးနော် … ဒီနှစ်မိုးကုန်မှပဲ တပြုံကြီးအရောက်ပို့ပေးမယ်”

 သီချင်းတွေလုပ်ရင်း ချစ်သူလေးကိုလဲ အချိန်ပေးရသေးပါတယ် ...

အလုပ်တွေကြိုးစားနေတဲ့ နိုင်းဝမ်းကြောင့် မိုးကုန်ရင် သီချင်းအသစ်တွေ ကြားရတော့မယ်နော် …

Source and Photo : နိုင်းဝမ်း ဖေ့စ်ဘွတ်



Follow us on