1. Home
  2. Movie Stars - Celebrity

ဇာတ်ညွှန်းတွေတစ်ခြားတစ်ယောက်ကိုပြောခိုင်းတဲ့ဂျွန်နီဒပ်

Movie Stars - Celebrity พ.ค. 11, 2560 view 1,525

ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင် ဂျွန်နီဒပ်က ဇာတ်ဝင်ခန်းထဲမှာ ပြောရမဲ့ စာသားတွေကို အလွတ်ကျက်မှတ်လေ့မရှိဘဲ အသံအင်ဂျင်နီယာ တစ်ယောက်က နားကြပ်ကနေတဆင့် စာသားတွေကို ဖတ်ပြနေရတယ်လို့ သူ့ရဲ့မန်နေဂျာဟောင်းတွေက ပြောပါတယ်။ Pirates Of The Caribbean သရုပ်ဆောင် ဒပ်နဲ့ သူ့ရဲ့ မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူတွေအကြား တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် တရားစွဲဆိုထားပါတယ်။

ဒီလိုတရားစွဲဆိုရာမှာ မန်နေဂျာဟောင်းတွေဘက်က တင်သွင်းလာတဲ့ စာရွက်စာတမ်းတွေထဲမှာ ဒပ်က စာသားတွေ အလွတ်မကျက်ကြောင်း ပါဝင်လာတာ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုအဖွဲ့(TMG)က ဒပ်ဟာ တစ်လကို အမေရိကန်ဒေါ်လာ (၂)သန်းကျော် သုံးစွဲတယ်လို့ ပြောပါတယ်။ ဒါ့အပြင်  ရိုက်ကွင်းမှာ စာသားတွေဖတ်ပြဖို့ အသံအင်ဂျင်နီယာ တစ်ယောက်ကို ဒေါ်လာသိန်းချီပေးပြီး ငှားရမ်းထားတဲ့အပြင် ငွေကြေးတွေကို အလွန်အကျွံ သုံးစွဲတဲ့အတွက် စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။ကဲစောင့်ကြည့်ရအောင်လေ..



Follow us on