1. Home
  2. Myanmar News

စာပေချစ်သူတွေ လက်မလွှတ်သင့်တဲ့ ထူးခြားတဲ့ “မင်းလူနှင့် ညနေခင်း”

Myanmar News พ.ค. 11, 2560 view 1,756

ဆရာမင်းလူရဲ့ အမာခံစာဖတ်ပရိသတ်တွေအတွက် ဆရာမင်းလူ အလွမ်းပြေ ပွဲတစ်ပွဲ ရှိပါတယ်။ ဒီပွဲလေးကတော့ "မင်းလူနှင့်ညနေခင်း"ဆိုတဲ့ ပွဲလေးပါ။ ဒီပွဲကိုတော့ Yangon Book Plaza က စီစဉ်ထားတာ ဖြစ်ပါတယ်။

ဆရာမင်းလူဟာ အိပ်ရာထနောက်ကျလေ့ရှိသူဖြစ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ရတာကို နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ နေ့လည်ဘက် အိပ်ရာထ တစ်ကြိမ် ၊ ညနေ တစ်ကြိမ် လက်ဖက်ရည်ဆိုင် ထိုင်လေ့ ရှိပါတယ်။ ဒါကြောင့် ဒီပွဲလေးကိုလဲ ထူးထူးခြားခြားဖြစ်အောင် ဆရာမင်းလူ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အချိန် ညနေ ၄ နာရီမှာ ၊ဆရာလက်ဖက်ရည်ဆိုင်ထိုင်တဲ့ ပုံစံမျိုးလေးနဲ့ပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆရာမင်းလူ လက်ဖက်ရည်ဆိုင်ထိုင်တိုင်း သောက်တဲ့ အရည်တစ်မျိုးကိုလဲ အမှတ်တရအနေနဲ့ ဆရာမင်းလူပုံရိပ်ရှေ့မှာ အတူတကွ သောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအရည်ကတော့ အပြင်မှာ ၀ယ်လို့မရဘူးလို့ သိရပါတယ်။

ဒီပွဲမှာ ဆရာမင်းလူရဲ့ “ဘာတွေဖြစ်ကုန်ပြီလဲ” သမိုင်းဝင် ကဗျာရှည်ကို မျိုးဆက်သစ်တွေသိရအောင် သမိုင်းကြောင်းနဲ့တကွ အခမဲ့မျှဝေပေးသွားမှာဖြစ်သလို ဆရာမင်းလူရဲ့ စာအုပ်တွေကိုလဲ အထူးလျော့ဈေးနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

စာပေချစ်မြတ်နိုးသူတွေ မကြုံဖူးတဲ့ ထူးခြားတဲ့ပွဲလေးတစ်ပွဲ ဖြစ်တာကြောင့် သွားရောက်အားပေးဖို့ မမေ့ကြပါနဲ့နော်။ မင်းလူနှင့် ညနေခင်း ပွဲကို မေလ ၁၈ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီမှာ Yangon Book Plaza မှာ ကျင်းပမှာ ဖြစ်ပါတယ်။

လိပ်စာကတော့ Yangon Book Plaza ငါးလွှာ၊ သံဈေး၊ လမ်းမတော်မှာ ဖြစ်ပါတယ်။ ၁၇လမ်းဘက်က ၀င်ပေါက်မှာတော့ သီးသန့် ဓာတ်လှေကားရှိပါတယ်။ အသေးစိတ်သိရှိလိုသူများအတွက် ဖုန်းနံပါတ် ၀၉ ၇၆၇၀၁၉၉၂၆ ကို ဆက်သွယ်နိုင်ပါတယ်။

Source and Photo Credit : Yangon Book Plaza



Follow us on