နေပြည်တော်မှာ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့် ရှောက်ရေးစခန်းကို ပထမဆုံး တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီလို့ သိသိရပါတယ်။ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို မေလ(၈)ရက်က သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မှဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။နေပြည်တော်ကို လာရောက်လည်ပတ်လိုသူတွေအတွက် အပန်းဖြေနိုင်မဲ့ နေရာတစ်ခုတိုးစေဖို့ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ဒါနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့အတွက် ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းရဲ့ တာဝန်ခံဖြစ်တဲ့ ဦးမျိုးဆွေကို တိုက်ရိုက်ဖုန်းဆက်သွယ်မေးမြန်းသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ အခုလ(၈)ရက်နေ့က နေပြည်တော်မှာ ပထမဆုံးဆင်စခန်း စတင်ဖွင့်လှစ် လိုက်တယ်လို့သိရပါတယ်။ဆင်စခန်းစတင်ဖွင့်လှစ်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်ကို ဦးဆုံးပြောပြပေးပါ။
အခု ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း ဖွင့်လှစ်ထားတဲ့ တည်နေရာနဲ့ ပြောပြပေးပါ။ စခန်းကို မြေနေရာ ဘယ်လောက်မှာ တည်ဆောက်ထားတာလဲ။လာရောက်လည်ပတ်လိုတဲ့ ပြည်သူတွေအနေနဲ့ဆင်စီးပြီး အပန်းဖြေလည်ပတ် နိုင်ဖို့အတွက် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှာ ဆင်အကောင်ရေဘယ်လောက်ထားရှိပေးသွားမလဲ။ ဒါတွေအပြင် ပြည်သူတွေအနေနဲ့ဆင်စီးပြီး အပန်းဖြေလည်ပတ်ဖို့အပြင် တခြား အပန်းဖြေမှုတွေအနေနဲ့ ဘာတွေဆောင်ရွက်ပေးထားလဲ။ဒါနဲ့ပတ်သက်ပြီးပြောပြပေးပါ။
ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို လာရောက်မယ်ဆိုရင် ၀င်ကြေးအနေနဲ့ ပြည်တွင်း၊ပြည်ပက ဧည့်သည်တွေကို ဘယ်လို သတ်မှတ်ထားပါသလဲ။ဆင်စီးခအနေနဲ့ရော ဘယ်လိုသတ်မှတ်ထားလဲဆိုတာပြောပြပေးပါ။အခုဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၂၁၇မိုင် အနီးက ငလိုက်သစ်တောကြိုးဝိုင်းမှာဖွင့် လှစ်ထားတာဖြစ်ပြီး နေပြည်တော် (တောင်ပိုင်း) သစ်ထုတ်လုပ်ရေးဒေသက ဆင်ခုနှစ်ကောင်ကိုထားရှိကာ ပြည်သူတွေ အနေနဲ့ ဆင်စီးကာအပန်းဖြေနိုင်လည်ပတ်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆင်စခန်းမှာ ဆင်တွေကို ကိုယ်တိုင်ရေချိုးပေးနိုင်တာတွေ၊အစာကျွေးနိုင်တာတွေ၊ ဆင်တွေရဲ့ တောထဲမှာသဘာဝ အတိုင်းနေထိုင်စားသောက်တာတွေကို လေ့လာကြည်ရှုနိုင်ဖို့ လုပ်ဆောင်ပေးထားပြီး ဆင်ဝန်ထမ်းကျေးရွာမှာလဲ ဆင်ဝန်ထမ်းတွေရဲ့ နေထိုင်မူဘ၀ကို လဲကြည်ရှုနိုင် အောင်စီစဉ်ထား တယ်လို့သိရပါတယ်။ဒါ့အပြင် လာရောက်သူတွေအနေနဲ့ နားနေနိုင်ဖို့ ဘန်ဂလိုဌာရမ်း တာတွေ၊ ငလိုက်ဆယ်အတွင်း စက်လှေစီးကြည့်ရှုနိုင်တာတွေကိုပါ လုပ်ဆောင်ထားတယ်လို့သိရပါတယ်။ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့် ရှောက်ရေးစခန်း ကို ၀င်ကြေးအနေနဲ့ ပြည်တွင်းမှ ဧည့်သည်တစ်ဦးလျှင် တစ်ထောင်ကျပ်သတ်မှတ်ထားကာ ဆင်စီးခအဖြစ် တစ်ဦးကို ၅ထောင်ကျပ် နဲ့ နိုင်ငံခြားသားတစ်ဦးလျှင် ၀င်ကြေးငွေကျပ် (၂၀၀၀၀) နဲ့ ဆင်စီးခငွေကျပ် (၂၀၀၀၀) သတ်မှတ်ထားတယ်လို့ သိရပါတယ်။