ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ် တစ်နှစ်တာအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မီးလောင်မှု အကြိမ်ရေ (၁၈၀၀)ကျော်ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။မနှစ်ကတစ်နှစ်လုံးမီးလောင်မှုစာရင်းမှာ အကြိမ်ရေ အများဆုံးပြည်နယ်နဲ့ တိုင်းဒေသကြီး တွေကတော့ ရှမ်းပြည်နယ်မှာ (၂၃၆)ကြိမ်၊ ရန်ကုန်တိုင်းမှာ (၂၂၀)ကြိမ်နဲ့ မန္တလေးတိုင်းမှာ (၂၁၂)ကြိမ်အပြင် စစ်ကိုင်းတိုင်းမှာ (၁၈၀)ကြိမ် အများဆုံးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ဒီလိုလောင်ကျွမ်းရာမှာ ဆုံးရှုံးမှုတွေအနေနဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ စုစုပေါင်းအားဖြင့် အိမ်ခြေအဆောက်အဦ (၅၈၁၇)လုံး၊ သေဆုံးသူ (၆၇)ဦး၊ ဒဏ်ရာရရှိသူ (၁၆၃)ဦးနဲ့ မီးဘေး ဒုက္ခသည် (၁၂၁၃၄)ဦးအထိရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေနဲ့တော့ ကျပ်သန်းပေါင်း (၄၁၆၄၀)ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနအနေနဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီး ကလည်း မီးဘေးလုံခြုံရေးနဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်နိုင်ဖို့ အတွက် Command and Control Center တွေကို တည်ဆောက်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုတည်ဆောက်မှသာ နည်းပညာအကူအညီတွေနဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်တွေကို အချိန်တို အတွင်းမှာ စောင့်ရှောက်ကယ်တင်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် (၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အခမ်းအနားမှာလည်းGas မီးလောင်မှုကို 3D Nozzle အသုံးပြုပြီး မီးငြှိမ်းသတ်ခြင်းနဲ့ အထပ်မြင့် အဆောက်အဦတွေကို ချိတ်လှေကားအသုံးပြုပြီး မီးငြှိမ်းသတ်ခြင်းစတဲ့ မီးငြှိမ်းသတ်ခြင်းစွမ်းရည်တွေကိုလည်း သရုပ်ပြ ငြိမ်းသတ်ခဲ့ကြတယ်လို့သိရပါတယ်။