1. Home
  2. Special or Others

သုံးထပ်တိုက်ပေါ်က ပြုတ်ကျတဲ့ ကလေးငယ်ကို လမ်းမပေါ်မှဆီးဖမ်းခဲ့တဲ့ ကျောင်းသူ

Special or Others พ.ค. 11, 2560 view 1,514
တရုပ်နိုင်ငံ ဟန်နန်ဒေသ ဇီယန်းမြို့ရှိ နေအိမ်သုံးထပ်တိုက် ပြတင်းပေါက်ပေါ်သို့ အသက် ၂ နှစ်အရွယ်ကလေးငယ်က တွားသွားတက်လာပြီး ပါးစပ်ကလည်း “မာမား မာမား” ဟု အော်နေခဲ့ပြီး ပြုတ်ကျခါနီး ဖြစ်နေတာကို အောက်ဖက်လမ်းမမှ လူအများက အပေါ်သို့ မော့ကာ ရပ်ကြည့်ရုံ ကြည့်နေခဲ့ကြသည်။
 
 
ထိုအဖြစ်အပျက်ကို ၆ တန်းကျောင်းသူ မိန်းကလေးက ဖြတ်သွားချိန်တွင် မြင်တွေ့သွားခဲ့ပြီး ချက်ခြင်းပင် တိုက်အောက်နားသို့ ပြေးသွားကာ ကလေးပြုတ်ကျလာပါက အောက်က ဖမ်းထားရန် အသင့်ပြင်ထားခဲ့သည်။ ချက်ခြင်းဆိုသလိုပင် ကလေးမှာ ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျခဲ့ပါတယ်။
 
 
ကျောင်းသူလေးဟာ ဖမ်းဖို့ကြိုးစားပေမယ့် လွဲချော်ခဲ့ပြီး ကလေးက တိုက်အောက်တွင် ရပ်ထားသော ဆိုင်ကယ်များအကြား ပြုတ်ကျသွားခဲ့ပါတယ်။ ပြုတ်ကျသွားတဲ့ ကလေးငယ်ကို ကျောင်းသူလေးက ပွေ့ချီခဲ့ပြီး ဒဏ်ရာများကို စစ်ဆေးခဲ့ပါတယ်။ 
 
 
နောက်ပိုင်းမှာတော့ ကလေးကို ဆေးရုံသို့ ပို့ခဲ့ရာ ဒဏ်ရာများ ရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရှိခဲ့ရသည်။
 
ကလေးပြုကျလာစဉ် အောက်ကနေဖမ်းရန် ကြိုးစားခဲ့သည့် ကျောင်းသူကို အွန်လိုင်းအသုံးပြုသူများက ချီးကျူးကြောင်း ပြောဆိုရေးသားခဲ့ကြသည်။
 


Follow us on