1. Home
  2. Movie Stars - Celebrity

အခွေထွက်နောက်ကျမည့် လွှမ်းပိုင်၏ ဂီတဗေဒ

Movie Stars - Celebrity พ.ค. 11, 2560 view 1,569

တေးရေး၊တေးဆို အဆိုတော် လွှမ်းပိုင်က လက်ရှိလုပ်နေတဲ့ အခွေကို ဇွန်လမှ ထုတ်သွားမည်ဖြစ်ကြောင်းနဲ့ အကောင်းဆုံးအနေအထားတစ်ခုနဲ့သာ ပရိသတ်ကို နားထောင်စေချင်တာကြောင့် နောက်ဆုံးလိုက်ရခြင်းဖြစ်ကြောင်း ဖေ့ဘွတ်ကနေတစ်ဆင့်အသိပေးလိုက်ပါတယ်။

လွှမ်းပိုင်က “ကျွှန်တော်အခွေကိုအကောင်းဆုံးဆိုတဲ့

အနေထားကိုပဲထုတ်ပေးလိုသောကြောင့်

အခွေထုတ်ရက်ကို June လကိုနောက်ဆုတ်ထားပါတယ်။

အားလုံးပဲ June လမှာသီချင်းသစ်တွေနဲ့တွေ့မယ်ဗျို့။

Saturday 24.6.2017 Yangon

Sunday 25.6.2017 Mandalay” လို့ဖေ့ဘွတ်မှာဆိုထားသလို သူ့ပရိသတ်တွေကလည်း အားပေးစကားတွေပြောထားပါတယ်။

မူလက အဆိုပါ ဒုတိယတစ်ကိုယ်တော်ဖြစ်သည့် ဂီတဗေဒ အခွေကို မေလကုန်တွင် ဖြန့်ချိမည်ဟု အင်တာဗျုးတစ်ခုတွင်ပြောကြားခဲ့သော်လည်း ပိုမိုကောင်းမွန်ရန်ရည်ရွယ်ပြီး အခွေထွက်မည့်ရက်ကို နောက်ဆုံးလိုက်ခြင်းဖြစ်ပါတယ်။ ‘‘ဒီအခွေမှာ ကျွန်တော့်ခံစားမှု၊ ကျွန်တော့် အနုပညာ၊ ကျွန်တော့်ရင်ထဲက အစစ်တွေ ချည်းပဲ။ အဲဒါကိုတော့ အာမခံနိုင်တယ်’’လွှမ်းပိုင်က ဆိုပါတယ်။



Follow us on