1. Home
  2. Special or Others

အသက် ၅၀ ကျော်တာတောင် လှပကျော့ရှင်းနေတဲ့ သူမရဲ့လျှိုဝှက်ချက်

Special or Others พ.ค. 11, 2560 view 1,824
တရုပ်နိုင်ငံ Xinyang မြို့က အသက် ၅၀ ရှိပြီဖြစ်တဲ့ Liu Yelin က တရုပ်လူမှုကွန်ယက် Weibo မှာ တင်ထားခဲ့တဲ့ ဓါတ်ပုံတွေကြောင့် အွန်လိုင်းသုံးသူတွေအားလုံး ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါတယ်။ သူမရဲ့ပုံသဏ္ဍန်ဟာ အသက်အရွယ်နဲ့စာရင် အဆမတန် ငယ်ရွယ်နုပျိုနေတာကြောင့် အားလုံးက သူမရဲ့ လှပပျိုမြစ်မှု လျှိုဝှက်ချက်ကို သိချင်နေကြတာဖြစ်ပါတယ်။
 
 
 
အရွယ်ရောက်နေတဲ့ သားတစ်ဦးရှိသူ သူမဟာ သက် ၃၀ အရွယ်မှာ ရေးကူးစသင်ခဲ့သလို ကာယလေ့ကျင့်မှုကိုလည်း နေ့စဉ် ၂ နာရီ မပြတ် ယနေ့ထိ ကကစားခဲ့သူဖြစ်ပါတယ်။ ပြီးနောက် ကျွမ်းကျင်တဲ့ ရေကူးသမားတစ်ဦးလည်းဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်က မလက္ကာရေလက်ကြားကို ကန့်လန့်ဖြတ်ကူးခဲ့ဖူးသူဖြစ်ပါတယ်။
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ဒီလိုလေ့ကျင့်ခန်းတွေ နေ့စဉ်လုပ်ခဲ့တဲ့အကျိုးက သူမကို အခုလို ငယ်ရွယ်နုပျိုနေစေတာ ဖြစ်ပါတယ်။ ဘယ်လောက်တောင် ငယ်ရွယ်သွားလဲဆိုရင် သူမရဲ့ သားဖြစ်သူနဲ့ အပြင်သွားတဲ့အခါ သားရဲ့ ရည်းစားလို့တောင် အထင်ခံရတဲ့အထိဖြစ်ပါတယ်။
 
 
သူမလိုပဲ အသက် ၅၀ အရွယ်မှာ ငယ်ရွယ်ပျိုမြစ်နေသူက ကလေး သုံးယောက်အမေ Candy Law ဖြစ်ပါတယ်။
 
 
Qin Ling ဆိုသူကလည်း အသက် ၅၀ အရွယ်ရှိပြီး မြေးပါရနေသူဖြစ်ပေမယ့် တစ်ကယ့်ကို အပျိုဖျန်းလေးသဖွယ် လှပကျော့ရှင်းနေတုန်းဖြစ်ပါတယ်။
 
သူတို့အားလုံးရဲ့ လျှိုဝှက်ချက်ကတော့ နေ့စဉ်ပုံမှန် ကာယလေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲလုပ်နေတာပဲဖြစ်ပါတယ်။ အားကစားတစ်ခုထဲကသာ ပျိုမေတို့ကို ငယ်ရွယ်လှပနုပျိုကျစ်လျစ်အောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
 


Follow us on