1. Home
  2. Movie Stars - Celebrity

စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ ၀ါဆိုမိုးဦး

Movie Stars - Celebrity พ.ค. 12, 2560 view 1,409

မကြာသေးခင်ကမှ တစ်ကိုယ်တော် တေးစီးရီးထွက်ရှိထားတဲ့ အဆိုတော် ၀ါဆိုမိုးဦးက စိတ်ကြီးတဲ့ သူတစ်ယောက်ဖြစ်သလို စိတ်လိုက်မာန်ပါ လုပ်တတ်သူတစ်ယောက် ဖြစ်တယ်လို့ သူကိုယ်တိုင်ဝန်ခံထားပါတယ်။

သူ့ရဲ့တစ်ကိုယ်တော် တေးစီးအပေါ် ပရိသတ်အသိအမှတ်ပြုပေးတဲ့အတွက် ကျေနပ်ပြီး သူ့ရဲ့အနုပညာကို အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ သူမက Duwun Media ကို ဖြေဆိုထားပါတယ်။

ဝါဆိုမိုးဦးက ပရိသတ်တွေရဲ့ ကောင်းစေချင်တဲ့ စိတ်ချစ်လို့ပြောတဲ့ ကောင်းတဲ့အကြံပေးမှု လိုအပ်ချက်ဝေဖန်ပေးမှုတွေကို လက်ခံပေမယ့် အကြောင်းအရင်းမရှိ တိုက်ခိုက်လိုတဲ့စိတ်နဲ့ ပြောတဲ့ စကားတွေကိုတော့ လက်မခံဘူးလို့ ပြောပါတယ်။

ဒါပေမယ့် အဲလိုတိုက်ခိုက်လိုတဲ့စိတ်နဲ့ပြောလာတဲ့ စကားတွေကိုလဲ ရန်ကိုရန်ချင်းတုံ့နှင်းမနေဘဲ လျစ်လျူရှုထားလိုက်တယ်လို့ Duwun Media ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နားထားပေမယ့် ကမ်းလှမ်းလာရင်တော့ လက်ခံရိုက်ကူးသွားမယ်လို့ ၀ါဆိုမိုးဦးက ပြောပါတယ်။

Credit : Duwun

 


 



Follow us on