1. Home
  2. Movie Stars - Celebrity

မင်းသားလီဗြောင်ဟွန်း ပါဝင်ထားတဲ့ PSY ရဲ့ I Luv It တစ်ရက်တည်းနဲ့ ကြည့်ရှုသူ ၉ သန်းနီးပါးရှိ

Movie Stars - Celebrity พ.ค. 12, 2560 view 2,108

တောင်ကိုရီးယား နာမည်ကျော် အဆိုတော် PSY က သူ့ရဲ့ရှစ်ခွေမြောက် အယ်လ်ဘမ် 4×2= 8 ကို မေလ ၁၀ ရက်က ဖြန့်ခဲ့ပြီး ဖြန့်ပြီး ၂၄ နာရီအတွင်း ကြည့်ရှုသူ ၉ သန်းနီးပါးအထိ ရှိခဲ့ပါတယ်။

ဒါ့အပြင် Billboard , Twitter Trending 140 စာရင်းမှာလဲ ထိပ်ဆုံးက ဦးဆောင်နေခဲ့ပြီး All Kill ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

PSY ဟာ YG Entertainment မှ ကမ္ဘာကျော် အဆိုတော်တစ်ယောက်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Gangnam Style ဟာ သူ့ရဲ့ပထမဦးဆုံး ပေါက်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းဟာ Youtube သမိုင်းမှာ ကြည့်ရှုမှုအများဆုံး စံချိန်တင်နိုင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

PSY ရဲ့ I Luv It မှာ ထိုင်းမှ “Pen-Pineapple-Apple-Pen” အဆိုတော် Daimaou Kosaka လဲပါဝင်ပါတယ်။

ဒါ့အပြင် ဒီသီချင်းမှာ တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေမှာလဲ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားလီဗြောင်ဟွန်းက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ လီဗြောင်ဟွန်းကို ကမ္ဘာတစ်ဝှမ်းက ပရိသတ်များက G.I.Joe ဇာတ်ကားနဲ့ လူသိများပါတယ်။ သူဟာ မင်းသမီး Song Hye Kyo ရဲ့ အချစ်ဟောင်းဖြစ်ပြီး လက်ရှိမှာတော့ မင်းသမီး Lee Min Jung နဲ့ လက်ထပ်ထားပြီး သားတစ်ဦး ရရှိထားသူ ဖြစ်ပါတယ်။

Ref : Soompi



Follow us on