1. Home
  2. Myanmar News

ပထွေးမှခြိမ်းခြောက်ပြီး သားမယားပြုကျင့်ခဲ့သည့် ၈ တန်းကျောင်းသူ ကိုယ်ဝန်ရှိမှ အမှုမှန်ပေါ်

Myanmar News พ.ค. 12, 2560 view 1,574
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့နယ်တွင် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူကို မိခင်မရှိခိုက် အသက် ၅၀ အရွယ် ပထွေးမှခြိမ်းခြောက်ပြီး အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့မှုကြောင့် ကိုယ်ဝန် ၈ လ ရှိမှအမှုမှန်ပေါ်ပေါက်ကာ ဖမ်းဆီးခံခဲ့ရကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
 
 
အသက် ၁၄ နှစ်အရွယ် မိန်းကလေးမှာ အသက်ရှုကျပ်သလိုခံစားရသည့်အတွက် မေလ ၁၀ ရက်နေ့က ပြည်မြို့ရှိ ဆေးခန်းတစ်ခန်းတွင် လာရောက် ပြသရာမှ ကိုယ်ဝန် ၈ လရှိနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် မိခင်ဖြစ်သူက မေးမြန်ရာ ပထွေး၏ လက်ချက်ဖြစ်ကြောင်း သိရှိခဲ့သဖြင့် အရေးယူပေးပါရန် မိခင်ဖြစ်သူက ပြည်မြို့ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
 
ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထိ မိခင်ဖြစ်သူ ဈေးရောင်းထွက်နေချိန်ကို အခွင့်ကောင်းယူကာ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် အလိုမတူပဲ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မိခင်အား ပြန်တိုင်ပါက လည်ပင်းကို ဝက်အူလှည့်နဲ့ ထိုးမည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ပြန်မတိုင်ရဲပဲဖြစ်ကာ ကိုယ်ဝန် ၈ လရှိနေကြောင်း သိရှိရမှ အဖြစ်မှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
 
အဆိုပါအမှုကို ဥသျှစ်ပင်နယ်မြေရဲစခန်းက (ပ)၅၀/၂၀၁၇၊ ပြစ်မှုဥပဒေပုဒ်မ-၃၇၆ အရအမှုဖွင်းခဲ့ပြီး ပထွေးဖြစ်သူ တင်ထွန်း အသက်(၅၀)နှစ်အား ဖမ်းဆီးစစ်ဆေးမှုးများပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။
 
သတင်း - မြစ်မခ
 


Follow us on