1. Home
  2. Myanmar News

ငွေပြန်အမ်းရန် အခက်အခဲကြောင့် ရွှေတိဂုံစေတီတော် နိုင်ငံခြားသားဧည့်ဝင်ကြေး တိုးမြှင့်ကောက်ခံမည်

Myanmar News พ.ค. 12, 2560 view 1,639
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် နိုင်ငံခြားသား ဧည့်သည်များအတွက် လက်ရှိတွင် ဧည့်ဝင်ကြေး ၈,၀၀၀ ကျပ် သတ်မှတ်ထားရာမှ လာမည့် ဇွန်လ (၁)ရက်နေ့မှ စတင်ကာ ဧည့်ဝင်ကြေးကို ၁၀,၀၀၀ ကျပ် တို့မြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သတင်းရရှိသည်။
 
ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံရသည့် အကြောင်းအရင်းမှာ နိုင်ငံခြားသားများအနေနှင့် ငါးထောင်ကျပ်တန် နှင့် တစ်သောင်းကျပ်တန် ငွေစက္ကူများသာ အများဆုံးကိုင်ဆောင်လေ့ရှိသဖြင့် ဧည့်ဝင်ကြေးပေးသည့်အခါတွင် ငွေပြန်အမ်းရန် အခက်အခဲရှိတဲ့အတွက် တိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး ဒုတိယရုံးအဖွဲမှူး ဦးဝင်းကြိုင်က ရှင်းလင်းပြောကြားခဲ့သည်။
 
ယခုကဲ့သို့ တိုးမြှင့်ကောက်ခံလိုက်သော ပမာဏမှာ အိန်နီးချင်းနိုင်ငံများဖြစ်သည့် ထုင်းနိုင်ငံမှ မြဘုရား နှင့် ကမ္ဘောဒီယားနိုင်ငံမှ အန်ကောဝပ်ကျောင်းတော်ကြီးများတွင် သတ်မှတ်ထားသော ဝင်ကြေးများနှင့် နှိုင်းချိန်ကာ မနည်းမများဖြစ်အောင် တွက်ချက်ထားခြင်းလည်းဖြစ်ကြောင်း သိရှိရသည်။ 
 
လက်ရှိတွင် ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားနှင့် နိုင်ငံသားများ မည်သည့်မုခ်ဦးကမဆို တက်ရောက်ခွင့်ပြုထားပြီး နောင်အခါတွင် နိုင်ငံခြားသားများအတွက် သီးသန့်ဝင်ပေါက်များ ထားရှိရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
၂၀၁၆ ခုနှစ်တွင် ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဦးရေ ခြောက်သိန်းကျော် လာရောက်ခဲ့ပြီး ယခုနှစ်တွင် ဧပြီလထိ နှစ်သိန်းကျော်ဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကျပ်ငွေ ငါးဘီလီယံထိ ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ 
 
Source: Standard Time Daily
 


Follow us on