1. Home
  2. Special or Others

ဖေ့စ်ဘွခ်ပ်ါကိုယ်လုံးတီးရေချိုးပြရင်း Skin Care ပစ္စည်းတွေကောင်းကြောင်း ကြော်ငြာခဲ့တဲ့လှပျိုဖြူ ဝေဖန်ခံနေရ

Special or Others พ.ค. 12, 2560 view 2,486
လူမှုကွန်ယက်တွေ ခေတ်စားလာတာနဲ့အတူ အင်တာနက်ပေါ်မှာ ဈေးဆိုင်တည်တဲ့ Online Store တွေလည်း မှိုလိုပေါက်အောင် များပြားလာခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ကိုယ်ရောင်းချနေတဲ့ ကုန်ပစ္စည်းအောင်မြင်ဖို့ဆိုတာ နည်းမျိုးစုံသုံးပြီး ကြော်ငြာရပါတယ်။ 
 
 
ကိုယ့်ရဲ့ကြော်ငြာ ကြည့်တဲ့လူတွေဆီ များများရောက်ပြီး အာရုံစိုက်လာဖို့အတွက် အိုင်ဒီယာတွေ ထုတ်ရတာ တစ်ကယ်တမ်းကြတော့ မလွယ်လှပါဘူး။ သူများနဲ့မတူတဲ့ ဆွဲဆောင်မှုမျိုးရှိအောင် အမျိုးမျိုးတီထွင်ကြံဆ ဖန်တီးရပါတယ်။ 
 
 
လတ်တလောမှာတော့ ထိုင်းနိုင်ငံက အသားအရေထိန်းသိမ်းရေး အလှကုန်ပစ္စည်းတွေကို အွန်လိုင်းပေါ်မှ ရောင်းချသူ ကလေးအမေတစ်ဦးက သူ့ရဲ့ skin care ပစ္စည်းတွေကောင်းကြောင်းကို ကိုယ်တိုင်ရေချိုးခန်းထဲမှာ ကိုယ်လုံးတီးချွတ်ရေးချိုးရင်း အသုံးပြုပုံတွေကို ပြောပြတဲ့ ဗီဒီယိုကို ဖေ့စ်ဘွခ်ကနေတစ်ဆင့်  ကြော်ငြာခဲ့တာကြောင့် အွန်လိုင်းသုံးသူတွေ အံ့သြမှင်သက်စွာနဲ့ မျက်လုံးပြူးခဲ့ရပါတယ်။
 
 
ကုန်ပစ္စည်းရောင်းရဖို့တစ်ခုထဲကိုသာ အာရုံစိုက်ပြီး ကိုယ့်ရဲ့အရှက်တရားကိုရင်းပြီး လူတွေအာရုံစိုက်လာအောင် အလွန်ရဲတင်းတဲ့ အပြုအမူဖြစ်တာကြောင့် အပြင်းအထန်ဝေဖန်လျှက်ရှိပြီး အစိုးရအနေနဲ့ ဒီကိစ္စကိုထိန်းသိမ်းပေးဖို့ တောင်းဆိုထားတာကို တွေ့ခဲ့ရပါတယ်။
 


Follow us on