1. Home
  2. Movie Stars - Celebrity

ဟာသကားတွေရိုက်ရင်း မပျော်တော့လို့ စီးပွားရေးလုပ်နေတဲ့ နေမင်း

Movie Stars - Celebrity พ.ค. 12, 2560 view 2,211

အနုပညာနယ်ပယ်ကနေ စီးပွားရေးနယ်ပယ်မှာ ခြေချနေတဲ့ နေမင်းကတော့ ကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

နေမင်းက ဟာသကားတွေရိုက်ရင်း မပျော်တော့တဲ့အတွက် ကြိတ်မှိတ်မလုပ်ဘဲ စီးပွားရေးလုပ်မယ်ဆိုပြီး ကျောက်မျက်ပိုင်းကို လုပ်ကိုင်ခဲ့ပါတယ်။ ကျောက်စိမ်းနဲ့ ပတ်သတ်ပြီးတော့လဲ သူများနိုင်ငံက လူလည်လုပ်တယ်လို့ ခံစားရတဲ့အတွက် အဲလိုမခံချင်လို့ ၀င်လုပ်ဖြစ်တယ်လို့ ပြောပါတယ်။

ကျောက်မျက်လုပ်ငန်းအပြင် မိသားစုလုပ်ငန်းဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကိုလဲ ၀င်ရောက်လုပ်ကိုင်နေပြီး အနုပညာလုပ်ငန်းအနေနဲ့ကတော့ ဒီမိုကရေစီ ရက်သတ္တပတ်ရုပ်ရှင်ဇာတ်ကားမှာ ဟိန်းဝေယံ ၊ ဖူးဖူး တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ 7Day Daily သတင်းမှာ ဖြေဆိုထားပါတယ်။

Credit : 7Day Daily



Follow us on