1. Home
  2. Good Morning Myanmar

မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Good Morning Myanmar พ.ค. 12, 2560 view 1,652

ဇွန်လ(၂၆)ရက်နေ့မှာ ကျရောက်မဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှု နှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ကာတွန်း၊ပိုစတာ၊ကွန်ပျူတာ ပန်းချီပြိုင်ပွဲ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၁၀)ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝန်းအတွင်းမှာ ကျင်းပခဲ့ပါတယ်။ဇွန်လ(၂၆)ရက်နေ့မှာ ကျရောက်မဲ့အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှု နှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲမှာ "လူသားတို့ကမ္ဘာ မပျက်သုဉ်းဖို့ အန္တရာယ်မူးယစ်ဆန့်ကျင်စို့"၊ "မူးယစ်ကင်းစင် ပြည်တစ်ခွင် စည်ပင်ဖွံ့ဖြိုးစီးပွားတိုး"၊"အားကစားဖြင့် မျိုးဂုဏ်မြှင့်ဖို့ မူးယစ်ဆေးဝါးကို ဆန့် ကျင်စို့"၊"သက်ရှည်ကျန်းမာလူသားကမ္ဘာ မူးယစ်ဆေးဝါးတိုက်ဖျက်ပါ"၊"မူးယစ်စွဲသူဖေးမကူ ရောင်းချသူကိုအရေးယူ ပြိုင်တူဆောင်ရွက်တိုင်းပြည်အတွက်" ၊"ဦးစွာနားထောင်ပါ"စတဲ့ခေါင်းစဉ် (၆)ခုနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇွန်လ(၃)ရက်နဲ့(၄)ရက်တွေမှာ အထက(၂)လသာကျောင်းနဲ့ ဗဟန်းမြို့နယ် သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်တို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲလျှောက်လွှာဖောင်တွေကို မေလ(၁၁)ရက်ကနေစပြီး သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးတွေမှာ ထုတ်ယူနိုင်မှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး မူးယစ်ပြတိုက်ကို ပြန်လည် ပေးပို့ရမှာ ဖြစ်တယ်လို့သိရပါတယ်။ပြိုင်ပွဲမှာ မူလတန်းအဆင့် (၃၊ ၄)တန်း၊ အလယ်တန်းအဆင့်(၅၊ ၆၊ ၇)နဲ့ အထက်တန်းအဆင့် (၈၊ ၉၊ ၁၀)ဆိုပြီး သတ်မှတ်ထားတယ်လို့သိရပါတယ်။ဇွန်လ(၂၆)ရက်နေ့မှာ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှု နှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ကျင်းပလာတာ အကြိမ်(၂၀)ရှိနေပြီဖြစ်ပြီး ဒီပြိုင်ပွဲတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။



Follow us on