1. Home
  2. Movie Stars - Celebrity

နှစ်နှစ်လောက်ကြာပြီးမှ ဝေဠုကျော် ဇာတ်ကားပြန်လည်ရိုက်ကူးရတဲ့ အကြောင်းရင်း

Movie Stars - Celebrity พ.ค. 12, 2560 view 1,632

ပရိသတ်ချစ်တဲ့ မင်းသား ဝေဠုကျော်ဟာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုမလုပ်ဘဲ ပရဟိတလုပ်ငန်းတွေပဲ အချိန်ပေးလုပ်နေတဲ့ နှစ်နှစ်လောက်ရှိပါပြီ။ နှစ်နှစ်လောက်ကြာပြီး အခုချိန်မှ ဝေဠုကျော် ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖြစ်နေရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ စိတ်ဝင်စားစရာပါပဲ။

“ကျွန်တော့်မှာ ကိုယ်ပိုင်ထုတ်လုပ်ရေး ရှိပါတယ်။ ကျွန်တော့်အဖေက ကျွန်တော့်ကို ရိုက်ခိုင်းပေမယ့် ကျွန်တော်မျိုးစုံ ငြင်းခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ကို သွေးမတော် သားမစပ်ဘဲနဲ့ မင်းသားတစ်ယောက်ဖြစ်လာအောင် တင်ပေးခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ ကြောင်ကမ္ဘာနဲ့ ပတ်သတ်ပြီး ကျွန်တော်ငြင်းလို့မရတဲ့အတွက် ဇာတ်ကားပြန်ရိုက်ကူးပါတယ်” လို့ ဝေဠုကျော်က ပေါ်ပြူလာဂျာနယ်ကို ဖြေထားပါတယ်။

ဝေဠုကျော် လက်ရှိရိုက်ကူးနေတဲ့ “မကြာမီမျှော်” ရုပ်ရှင်ဇာတ်ကားကို အိန္ဒိယမှ ဒါရိုက်တာတွေက လာရောက်ရိုက်ကူးနေတာ ဖြစ်ပြီး စက်ပိုင်းဆိုင်ရာအားလုံးလဲ အိန္ဒိယကလာမှာဖြစ်တာကြောင့် မြန်မာမှာမရှိသေး၊ မတတ်သေးတဲ့ ပညာတွေကို ဆင့်ပွားရယူဖို့ လက်ခံလိုက်တာဖြစ်တယ်လို့ ဝေဠုကျော်က ပြောပါတယ်။

Credit : Popular



Follow us on