1. Home
  2. Special or Others

ငွေကြေးဥစ္စာချမ်းသာဖို့အတွက် ချစ်သူကောင်မလေးကို (၈)လကြာ အရှင်လတ်လတ် မြေမြုတ်ခဲ့သူ

Special or Others พ.ค. 12, 2560 view 1,585
အာဖရိကတိုက်အရှေ့ပိုင်းနိုင်ငံတစ်ခုဖြစ်သည့် တန်ဇန်းနီးယန်းနိုင်ငံတွင် ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝဖို့ ရိုးရာဓလေ့ဆုတောင်းသည့်အနေနှင့် ချစ်သူကောင်မလေးကို မြေကြီးတွင်းထဲ အရှင်လတ်လတ် မြေမြုတ်ထားခဲ့မှုတစ်ခုကို တာဝန်ရှိသူများက (၈)လ ကြာပြီးမှ သိရှိခဲ့ပြီးနောက် သွားရောက် ကယ်တင်ခဲ့ရသည်။
 
 
မြေကျင်းထဲအမြုတ်ခံထားရသော အမျိုးသမီးမှာ မူလက အလွန်လှပပြေပြစ်သည့် အမျိုးသမီးဖြစ်ခဲ့ပေမယ့် ပြန်လည်ကယ်ထုတ်ခဲ့တဲ့အခါ အရိုးအပြိုင်းပြိုင်းနှင့် ချိနဲ့ယိုင်ရွဲ့နေတာကို တွေ့ခဲ့ရပါတယ်။
 
 
သူမရဲ့ ရည်းစားက သူမကို အဝတ်အစားဗလာနဲ့ ၈ လ လုံးလုံး မြေအောက်ကျင်းထဲမှာ ထည့်ထားခဲ့ပြီး အစားအစာကိုလည်း နှစ်ပတ်နေမှ တစ်ခါသာ လာကျွေးခဲ့ပါတယ်။ ကယ်တင်ခဲ့တဲ့အချိန် သူမရဲ့ အခြေအနေဘယ်လောက်တောင် ဆိုးရွားခဲ့လဲဆိုတာ ဗီဒီယိုတွင် မြင်တွေ့နိုင်ပါတယ်။
 
 
သူ့ရဲ့အိမ်နီးချင်းဖြစ်သူက သတင်းပေးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က လာရောက်ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသမီးကို အရှင်လတ်လတ် မြေမြုတ်ခဲ့တဲ့ ရည်စားဖြစ်သူ အမျိုးသားကို ရဲများက ဖမ်းဆီးခဲ့ပါတယ်။
 
 


Follow us on