Summer Story Tellers 2017 ပြိုင်ပွဲကို မေလ(၁၀)ရက်က ရန်ကုန်မြို့ရှိ Gandamar Grand Ballroom မှာ ပြုလုပ်ခဲ့ပါတယ်။Summer Story Tellers 2017 ပြိုင်ပွဲမှာ ရန်ကုန်မြို့ မှာရှိတဲ့ မြို့နယ်တွေကအခြေခံပညာ ကျောင်းတွေက ကလေးငယ်ပေါင်း (၁၄၀)ခန့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နွေရာသီ အင်္ဂလိပ်စကားပြောတက်ရောက်နေတဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်တွေအတွက် အသက် (၇)နှစ်မှ (၉)နှစ်အထိ Primary Level၊အသက် (၁၀)နှစ်မှ(၁၂)အထိ Tween Level၊အသက်(၁၃)နှစ်ကနေ(၁၅)နှစ်အထိ Secondary Level ဆိုပြီး အဆင့်တွေသတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကလေးငယ်တွေဟာ မိမိစိတ်ကြိုက်ခေါင်းစဉ်နဲ့အကြောင်းအရာတွေကို ရွေးချယ်ယှဉ်ပြိုင်နိုင်ပြီး တစ်ဦးကို အချိန်(၂)မိနစ် တင်ဆက်ပြသခဲ့ကြပါတယ်။ပြိုင်ပွဲရဲ့Level တိုင်းအတွက် ပထမဆု (၅)သိန်း၊ဒုတိယဆု (၃)သိန်းနဲ့တတိယဆု (၁)သိန်းတို့ကို ချီးမြှင့်ပေးခဲ့တယ်လို့သိရပါတယ်။