1. Home
  2. Movie Stars - Celebrity

“မင်းသားရဲ့သားက မင်းသားဖြစ်ဖို့ ခဲယဉ်းပါတယ်” နေမျိုးအောင်

Movie Stars - Celebrity พ.ค. 12, 2560 view 1,948

ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ မင်းသား နေမျိုးအောင်က သူ့သားတွေရဲ့ အနုပညာဗီဇနဲ့ ပတ်သတ်ပြီး The Voice Daily မှာ အခုလို ပြောပြထားပါတယ်။

“အနုပညာပိုးကတော့ နှစ်ယောက်စလုံးမှာ ပါလာတဲ့အတွက် သူတို့မသိတာတွေ အစ်ကိုသင်ပေးမယ်။ လက်တွဲခေါ်တဲ့အနေနဲ့ အတူတွဲရိုက်ပေးမယ်။ ပရိသတ်လက်ခံဖို့ကတော့ သူတို့ရဲ့ကြိုးစားမှုနဲ့ လုံ့လ၀ီရိယပေါ်မှာ မူတည်တယ်။ မင်းသားရဲ့သား မင်းသားဖြစ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ရှေ့မှာဖြစ်သွားတဲ့သူက လက်ချိုးရေလို့တောင် ရပါတယ်” လို့ နေမျိုးအောင်က ပြောပါတယ်။

နေမျိုးအောင်ရဲ့ သားနှစ်ယောက်စလုံးဟာ အနုပညာပိုးပါကြပြီး သားအကြီးဖြစ်တဲ့ နေ ကတော့ ဗီဒီယိုဇာတ်ကား လေးကားခန့် ရိုက်ကူးပြီး ဖြစ်ပြီး သားငယ်ကတော့ ပေါက်ပေါက်ဆိုတဲ့ နာမည်နဲ့ ကလေးသရုပ်ဆောင်အဖြစ် ဗီဒီယိုဇာတ်ကားနှစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

နေမျိုးအောင်ပရိသတ်ကြီးလဲ နေနဲ့ ပေါက်ပေါက်ကို အားပေးကြပါဦးနော် ...

Credit : The Voice Daily



Follow us on