1. Home
  2. Good Morning Myanmar

FBI အကြီးအကဲကို သမ္မတထရမ့် ရာထူးကနေထုတ်ပယ်

Good Morning Myanmar พ.ค. 12, 2560 view 1,421

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရှေ့နေချုပ် ဂျက်ဆက်ရှင်ရဲ့ထောက်ခံချက်နဲ့အတူ အမေရိကန်ထောက်လှမ်းအဖွဲ့(FBI) အကြီးအကဲ ဂျိမ်းစ်ကိုမီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။မစ္စတာကိုမီ ဟာ ဟီလာရီကလင်တန်ရဲ့အီးမေးလ်စုံစမ်းစစ်ဆေးမှုမှာ အမေရိကန် ကွန်ဂရက်စ်ကို မတိကျတဲ့အချက်အလက်တွေပေးခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ် ပြီးတဲ့နောက် သမ္မတရဲ့ရာထူးကနေ ထုတ်ပယ်တဲ့အစီအစဉ်ထွက်ပေါ်လာတာပါ။ကလင်တန်ရဲ့လက်ထောက်ဖြစ်သူ ဟူမာအဘီဒင်ဟာ လျို့ဝှက်အီးမေးလ်ရာထောင်ချီ ကို ခင်ပွန်းသည်ဖြစ်သူကို ထပ်ဆင့်ပေးပို့ခဲ့တယ်လို့ မစ္စတာကိုမီက လွှတ်တော်အမတ်တွေကို ပြောခဲ့တာပါ။ ဒါပေမဲ့ FBIရဲ့ကွန်ဂရက်စ်လွှတ်တော်ရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဂရီဂိုရီ ဘရိုဝါကတော့ မစ္စ အဘီဒင်ဟာ စာရွက်ထုတ်ဖို့ လျှို့ဝှက်အီးမေး(၂)စောင်ကိုပဲ ခင်ပွန်းဖြစ်သူထံ ထပ်ဆင့်ပေးပို့ခဲ့တယ်လို့ လွှတ်တော် ကော်မတီကိုပေးပို့တဲ့စာမှာ ရေးထည့်သွင်းရေးသားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ချိန်မှာ ကိုယ်ပိုင်အီးမေးဆာဗာအသုံးပြုခဲ့မှုအတွက် ဟီလာရီ ကလင်တန်ကို ပြန်လည်စုံစမ်းမယ်လို့ ကြေညာခဲ့တာဟာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိခတယ်လို့တွေးမိရင် စပ်ဆုပ်မိတယ်လို့ မစ္စတာကိုမီက လွှတ်တော်ကော်မတီ ကြားနာမှုအတွင်း ပြောဆိုခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့မစ္စတာကိုမီကို ရာထူးကနေ ထုတ်ပယ်တဲ့ အမိန့်ထုတ်ပြန်ချက် မှာတော့ မစ္စတာကိုမီဟာFBIကို ထိထိရောက်ရောက်ဦးဆောင်နိုင်ခဲ့သူမဟုတ်သလို FBIအကြီးအကဲ ကိုလည်း မြန်မြန်ခန့်အပ်နိုင်အောင်လုပ်သွားမယ်လို့ပါရှိပါတယ်။မစ္စတာကိုမီဟာ သမ်တထရမ့်ရဲ့ ရွေးကောက်ပွဲမဲဆွယ်အဖွဲ့နဲ့ရုရှားကြားမှာ ချိတ်ဆက်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်ကို စုံစမ်းမှုမှာ ဦးဆောင် နေသူလည်းဖြစ်ပါတယ်။



Follow us on