1. Home
  2. Special or Others

အားလပ်ရက်အခမဲ့ဖျော်ဖြေပွဲများ

Special or Others พ.ค. 12, 2560 view 1,641

ပြည်သူ့ဥယျာဉ်မှာတော့ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ညနေတိုင်းမှာ ရေပန်းရုပ်ရှင်ကို ပြသမှာဖြစ်ပြီး စနေနေ့မြန်မာ့ရိုးရာအကတင်ဆက်မှုအစီအစဉ်တွေနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာတော့ စနေ၊ တနင်္ဂနွေအားလပ်ရက်တွေမှာ မျက်လှည့်တင်ဆက်မှုတွေ၊ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နံနက် ၁၁ နာရီက နေစပြီး အခမဲ့ဖျော်ဖြေမှာ ဖြစ်ပါတယ်။

နေအပူကို ရှောင်ရင်း အပန်းဖြေဥယျာဉ်တွေကိုမသွားဘဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့သူတွေအတွက် ပရိုမိုးရှင်းပွဲလေးတွေလဲ ရှိပါသေးတယ် ။ Junction Square ရဲ့ Aqua Hall မှာတော့ ဒီတစ်ပတ်စနေနေ့ မှာ OPPO F3 မိတ်ဆက်ပွဲနဲ့ ပရိုမိုးရှင်းပွဲကို ပြုလုပ်မှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ Junction Center ကပြုလုပ်တဲ့ မိခင်များနေ့ အထိမ်းအမှတ်ပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

Marine Hall မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး CNSC Myanmar ရဲ့ ကလေးအသုံးအဆောင်ပစ္စည်း အထူးဈေးရောင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။ Junction Mawtin မှာတော့ ဒီတစ်ပတ်စနေနေ့မှာ EL Watch ရဲ့ အထူးဈေးရောင်းပွဲကိုပြုလုပ်မှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ထိုင်းကုန်စည်ပြပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

မြန်မာပလာဇာမှာတော့ ဒီတစ်ပတ်စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Singapore Airlines Travel Fair ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာပလာဇာမှာဖွင့်ထားတဲ့ စိန်နန်းတော်ဆိုင်မှာလည်း ဒီတစ်ပတ်မှာ အမေများနေ့အထိမ်းအမှတ်လျှော့ဈေးတွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

စိန်ဂဟောဆိုင်တွေမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး အမေများနေ့အထိမ်းအမှတ်အထူးဈေးရောင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။ တပ်မတော်ခန်းမမှာတော့ ဒီတစ်ပတ်စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်းပြပွဲ ၂၀၁၇ ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

Credit:7day



Follow us on