1. Home
  2. Special or Others

ဆယ်ကျော်သက်အမေဖြစ်သွားတဲ့ သက်မွန်မြင့်

Special or Others พ.ค. 12, 2560 view 1,944

အကယ်ဒမီဆုရှင်သက်မွန်မြင့်တစ်ယောက် ယွန်းယွန်းနဲ့အတူ ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရပါတယ်။ရိုက်ကူးနေတဲ့ ဇာတ်ကောင်စရိုက် အရ သက်မွန်မြင့်က ဆယ်ကျော်သက်အမေနေရာကနေ ပါဝင်သရုပ်ဆောင်လျက်ရှိတာကိုတွေ့ရပါတယ်။

“ ဆယ်ကျော်သက်အမေပေါ့
ဆံပင်ရှည်လေးနဲ့ မျက်မှန်လေးတပ်
ဒါက ဝနေတာနဲ့ အမေလုပ်ရတာ ပိုအဆင်ပြေသေး
အမေနေရာကပဲ ရိုက်တော့ရင်ကောင်းမလားသိဘူး
စားချင်တာစားလို့ရအောင်
ဟီးဟီးးး…” လို့ ပြောထားပါတယ်။

သက်မွန်မြင့်ပရိသတ်တစ်ယောက်ကတော့ “မမ ဘယ်လိုပဲ ဖြစ်ဖြစ် ညလေးတို့ကတော့ ချစ်ပီးသားပဲ ဒါပေမယ့် မမရယ့် ဝိတ်ချပီး အရင်လို ကားတွေပြန်ရိုက်ပါနော်......” လို့ တိုက်တွန်းထားပါတယ်။

 



Follow us on