1. Home
  2. Movie Stars - Celebrity

လက်ရှိရုံတင်ပြသနေတဲ့သရဲဇာတ်ကားဝေဖန်ချက်အတွက် ညိုမင်းလွင်ရှင်းလင်း

Movie Stars - Celebrity พ.ค. 15, 2560 view 1,605

လက်ရှိရုံတင်ပြသနေတဲ့ "လူသားများကိုခြောက်လှန့်ရန်တစ္ဆေတစ်ကောင်အလိုရှိသည်" ဇာတ်ကားလက်ကမ်းကြော်ငြာ စာရွက်နဲ့ ပတ်သက်ပြီးတော့ လူမှုကွန်ရက်မှာဝေဖန်မှုတွေရှိနေသလို ၊ဒါရိုက်တာညိုမင်းလွင်ဖေ့ဘွတ်မှတစ်ဆင့် လာရောက်မေးမြန်းထားမှုတွေရှိနေတာကိုတွေ့ရပါတယ်။

အဆိုပါပြောဆိုမှုတွေနဲ့မေးမြန်းမှုတွေအပေါ် ဒါရိုက်တာညိုမင်းလွင် က“ကျွန်တော်ကိုယ်တိုင်ကတော့ ဒီလိုအတွေ့အကြုံကို ဖွ စရာလို့တခါမှမစဉ်းစားမိပါဘူး၊ကြော်ငြာက ကျွန်တော် စီစဉ်တာမဟုတ်တဲ့အတွက် ကြော်ငြာပါအကြောင်းအရာ အားလုံးကိုလည်း တာဝန်မယူထားပါဘူး၊မှန်တယ်၊မှားတယ် ဆိုတာကို ပရိသတ်များရဲ့ သဘောဆန္ဒအလျောက် လွတ်လပ်စွာ ယူဆခွင့်ရှိပါတယ်၊ဒီကားကိုရိုက်တဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့မဟုတ်ပဲ အပြင်ပရိသတ်တစ်ယောက် နေရာကနေ စဉ်းစားမယ်ဆိုရင်တော့ လူစိတ်ဝင်စားမှုအပေါ်မှာ တစ်ရာ ရာခိုင်နှုန်းအခြေတည်ထားတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ လူစိတ်ဝင်စားအောင်ကြော်ငြာတာကို ဘယ်သူကပဲလုပ်သည်ဖြစ်စေ မမှားဘူးလို့ပဲ မြင်မိပါတယ်၊စိတ်ဝင်စားပြီး ရုံထဲရောက်သွားခဲ့ပြီးတော့မှ တကယ်တမ်းမှာ ဇာတ်ကားက ပြီးစလွယ်၊ဖြစ်ကတတ်ဆန်းနဲ့ ဆူလွယ်နပ်လွယ် လုပ်စားထားရင်တော့ အဲဒါအကြီးမားဆုံးအပြစ်ဖြစ်သွားပါပြီ၊လူစိတ်ဝင်စားအောင် ကြော်ငြာတဲ့အထိ မမှားသေးပေမယ့် စိတ်ဝင်စားမှုသက်သက်ကိုဗန်းပြပြီး ဇာတ်ကားကိုဖြစ်သလိုလုပ်ထားတာမျိုးဆိုရင်တော့ ပရိသတ်ပိုက်ဆံကို ညာယူတာနဲ့အတူတူပါပဲ...ကျွန်တော်အဲဒါမျိုးတော့ ဘယ်တော့မှအဖြစ်မခံပါဘူး” လို့ ဖေ့စ်ဘွတ်ပေါ်ကနေ ပရိသတ်တစ်ယောက်ရဲ့အမေးကို အခုလိုပြန်လည်ဖြေကြားထားတာပါ။



Follow us on