1. Home
  2. Movie Stars - Celebrity

L’Opera တင်းနစ်ပြိုင်ပွဲမှာ ပြင်သစ်ချန်ပီယံကို အနိုင်ယူပြီး ပထမဆုရခဲ့တဲ့ ပြေတီဦး

Movie Stars - Celebrity พ.ค. 15, 2560 view 1,665

ပရိသတ်အချစ်တော် မင်းသားပြေတီဦးဟာ သူအလိုချင်ဆုံး ဆုတွေထဲက တစ်ခုကို ရခဲ့လို့ ပျော်နေပါတယ်။ သရုပ်ဆောင်ကောင်းလို့ အကယ်ဒမီတွေရထားတဲ့ ပြေတီဦးက အားကစားမှာလဲ ထူးချွန်သူဖြစ်ပါတယ်။

 မေလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ L’Opera တင်းနစ်ပြိုင်ပွဲ ဖိုင်နယ်ပွဲမှာ မနှစ်က ချန်ပီယံရခဲ့တဲ့ ပြင်သစ်နိုင်ငံသားနဲ့ သုံးနာရီကြာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး ပြေတီဦးက ပထမဆုကို ဆွတ်ခူးနိုင်ပါတယ်။

“3 နာရီကြာသေလုမျောပါးရိုက်ပြီး ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ဗိုလ်လုပွဲမှာနိုင်သွားပါတယ်ခင်ဗျာ” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။

ပရိသတ်တွေအတွက် ဂုဏ်ဆောင်ပေးခဲ့တဲ့ ပြေတီဦးကို ဂုဏ်ပြုပေးလိုက်ကြပါဦးနော်။

Source and Photo : Popular



Follow us on