
လှည်းကူးမြို့နယ်မှာနေတဲ့ မိဘတွေဆီ သွားလည်ဖို့ ဆိုင်ကယ်ငှားစီးခဲ့တဲ့ အမျိုးသမီးကို ဆိုင်ကယ်ကယ်ရီသမားက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ The Voice သတင်းတစ်ပုဒ်မှာ ပါရှိပါတယ်။
အသက်၂၄ နှစ်အရွယ် အဆိုပါအမျိုးသမီးက မေလ ၁၀ ရက် မနက်ပိုင်းမှာ ရွှေပြည်သာကနေ လှည်းကူး ဘုရားသုံးဆူရှိ မိဘများထံ သွားရောက်လည်ပတ်ဖို့ အမှတ် ၃ လမ်းဆုံမှ ဆိုင်ကယ်ကယ်ရီ ငှားစီးခဲ့ပြီး ဘုရားသုံးဆူအကျော် ကိုင်းတောထဲသို့ အတင်းအဓမ္မခေါ်ဆောင်ကာ သားမယားပြုကျင့်ခံရခြင်းဖြစ်တယ်လို့ လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။
“ဘုရားသုံးဆူကျော်သွားလို့ ဒီလမ်းမဟုတ်ဘူး ပြောပေမယ့် မရဘူး၊ နောက်ပေါက်ရှိသေးတယ်ဆိုပြီး အတင်းမောင်းသွားတာ ၊ ကောင်မလေးက ဆိုင်ကယ်ပေါ်က ခုန်ချထွက်ပြေးပေမယ့် အတင်းလိုက်ဖမ်းပြီး အဓမ္မပြုကျင့်ခဲ့တာပါ၊ ကောင်မလေးက အမေဆီကိုတော့ ပြန်လိုက်ပို့ပါဆိုပြီး တောင်းပန်တော့ ပြန်လိုက်ပို့တယ် ၊ ဈေးထဲရောက်မှ ကောင်မလေးက ဆိုင်ရှင်ကိုတိုင်ပြီး ၀ိုင်းဖမ်းခဲ့တာ ၊ အနီးအနားမှာနေတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေကလည်း သူတို့ကိုနာမည်ဖျက်တယ်ဆိုပြီး ၀ိုင်းဖမ်းပေးခဲ့တာ” လို့ လှည်းကူးမြို့နယ်မှ ဒေသခံတစ်ဦးက The Voice မှာ ပြောကြားထားပါတယ်။
ပြစ်မှုကျူးလွန်သူအား လှည်းကူးမြို့မ ရဲစခန်းက (ပ) ၆၇၅/၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားပါတယ်။
Soure and Credit : The Voice
comment