"ကာရန်ဂိုဒေါင်" Hip Hop Show ကို မေလ (၁၄) ရက်နေ့က ရန်ကုန်၊ ကမ္ဘာအေးဘုရားလမ်းရှိ Fusan Basketball Court မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲတွင် မြန်မာ Hip Hop ဂီတလောက ရဲ့ Underground နဲ့ Main Stream က နာမည်ကျော် Rap အဆိုတော်တွေ ပါဝင် ဖျော်ဖြေခဲ့ကြပါတယ်။ ကာရန်ဂိုဒေါင် ရှိုးပွဲကို Legendary က အဆိုတော် ဇွဲသက်ပိုင်က စီစဉ်တာ ဖြစ်ပါတယ်။