1. Home
  2. Movie Stars - Celebrity

၁၀တန်းအောင်ရင်တော်ပြီ မင်းသမီးပဲ လုပ်မယ်ဆိုတဲ့ ငွေမှုန်ရတီ

Movie Stars - Celebrity พ.ค. 15, 2560 view 2,049

ဆယ်ကျော်သက် မင်းသမီးလေးတွေ ဖြစ်ကြတဲ့ ရွှေမှုန်ရတီ နဲ့ ငွေမှုန်ရတီ တို့ဟာ ပရိတ်သတ်တွေရဲပ စိတ်မ၀င်စားဆုံးဖြစ်ကြတဲ့ ညီအမတွေလဲ ဖြစ်ပါတယ်။  ငွေမှုန်ရတီက ဒီနှစ်မှာ ၁၀ တန်းစာမေးပွဲကို ပြန်လည်ဖြေမှာ ဖြစ်ပြီး ငါးလပိုင်းလောက်ကစတင်ပြီး ကျောင်းတွေ ကျူရှင်တွေပြန်တက်သွားမှာလဲ ဖြစ်ပါတယ်။

အလုပ်နဲ့ စာမေးပွဲနှစ်ခုလုံးပြိုင်လုပ်ရင် stress များတဲ့ အတွက် စာမေးပွဲအချိန်မှာတော့ရိုက်ကူးရေးတွေ နားထားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ပရိတ်သတ်နဲ့ အဆက်ပြတ်သွားမှာဆိုးတဲ့ အတွက် ၀ုန်းဒိုင်းကြီးတော့ မနားသေးပါဘူး ။

စာမေးပွဲနဲ့ ပတ်သတ်ပြီး အဓိက target ကအောင်မှတ်ရရင်တော်ပြီ ဂုဏ်ထူးတွေဘာတွေ မမှန်းရဲပါဘူး ။ အောင်ဖို့သာအဓိက ပါ ။ အောင်ရင်မင်းသမီး အလုပ်ကို တစိုက်မတ်မတ်လုပ်တော့မယ်လို့ ပြောသွားခဲ့ ပါတယ်။

Credit:Oasis



Follow us on