1. Home
  2. Myanmar News

အမြန်ရေယာဉ်၏လှိုင်းဒဏ်ကြောင့် ပဲ့ချိတ်စက်လှေ တစ်စင်းနစ်မြုပ်

Myanmar News พ.ค. 15, 2560 view 1,473

၁၄.၅.၂၀၁၇ နံနက်ပိုင်း က ပုဏ္ဏားကျွန်းမြို့နယ် စပါးထား ကျေးရွာမှ ဦးအေးငြိမ်းထွန်း မောင်းနှင် လာသော ပဲ့ချိတ်စက်လှေသည် စစ်တွေ မြို့သို့ ထွက်ခွာလာစဉ် စစ်တွေမြို့နယ် မင်းချောင်းသို့အရောက် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့  ထွက်ခွာလာသော ရွှေပြည်တန်အမြန်ရေယာဉ်၏ လှိုင်း ကြောင့် နံနက် ၇ နာရီခွဲခန့်က တိမ်း မှောက်သွားခဲ့ကြောင်း၊ စက်လှေပေါ်ပါ လူများအား အနီးကျေးရွာမှ လူများက ဝိုင်းဝန်းကယ်ဆယ်ကြ၍ အသက်ဆုံး ရှုံးမှုတစ်စုံတစ်ရာ မရှိကြောင်း၊ လက်ကိုင် ဖုန်သုံးလုံးနှင့် ငွေကျပ် တစ်သိန်း ငါးသောင်းငါးထောင် ဆုံးရှုံးသွားကြောင်း သိရှိရသည်။

''ကျွန်တော်တို့ မင်းလှရွာကလူတွေ သွားရောက်ဆယ်ယူကြပါတယ်။ ဖုန်း သုံးလုံးနဲ့ ငွေကျပ် တစ်သိန်းငါးသောင်း ငါးထောင်နဲ့ ထီး၊ ဖိနပ်တွေလောက်ပဲ ဆုံးရှုံးသွားပါတယ်။ ဒီလူတွေ ကျွန်တော် တို့အိမ်က အဝတ်အစားကို လဲခိုင်းပြီး တော့ သူတို့နေရပ်ကို ပို့ခိုင်း လိုက်ပါပြီ။ ခုတော့ စစ်တွေက မြို့နယ်အုပ်ချုပ်ရေး မှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မီးသတ် တပ်ဖွဲ့က တာဝန်ရှိသူတွေ ရောက်နေ ကြပြီး လိုအပ်တဲ့စစ်ဆေးမှုတွေကို ယူနေ ပါတယ်'' ဟု မင်းလှကျေးရွာမှ အုပ်ချုပ် ရေးမှူး ဦးမောင်မောင်က ပြော သည်။ပြီးခဲ့တဲ့ နှစ်ကလည်းအဆိုပါအလားတူဖြစ်စဉ်ကြောင့် ပုဏ္ဏာကျွန်း မြို့နယ်နေ လူနှစ်ယောက်သေဆုံးခဲ့တဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ဖူးသည်။

Source: MOI Webportal Myanmar

Aung



Follow us on