အလှမယ် မိုးစက်ဝိုင်ဟာ သူမရဲ့ပရိတ်သတ်တွေအတွက် အမှတ်တရအနေနဲ့ သူမနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေကို တင်ခိုင်းပြီး Likes အများဆုံး ရတဲ့ သူ ၃ဦးကို ဟန်းဆက်လက်ဆောင်ပေးခဲ့ ပါတယ်။ “မိုးစက် page မှာမိုးစက်နဲ့အတူတွဲရိုက်တဲ့ ပုံတွေတင်ခိုင်းခဲ့ပြီး Like အများဆုံး ၃ယောက်ကို Oppa ဟန်းဆက်၃လုံး လက်ဆောင်ပေးခဲ့ တာဖြစ်ပါတယ်။
မိုးစက်က အမှတ်တရလုပ်ချင်တယ် မိုးစက် page ရဲ့ admin တွေက အိုင်ဒီယာနဲ့ အစီအစဉ်တွေကို လုပ်ခဲ့ ကြတာပါ” ။ ပရိတ်သတ်တွေကလဲ မိုးစက်ရဲ့ Surprise ကို သဘောကျခဲ့ ကြပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ လက်တလောမှာ ပက်ပက်စက်စက်ညို ရုပ်ရှင်ကားအတွက် အသံ ပြန်သွင်းနေပြီး ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာ ရုံတင်ပြသမှာ လဲ ဖြစ်ပါတယ်။
ဖက်ရှင်နဲ့ ပတ်သတ်ပြီး မိုးစက်က ပုံမှန်ကတော့ မိုးစက်သဘောကျတဲ့ပုံစံ ပဲ ၀တ်ပါတယ်။ ဖက်ရှင်ရေစီးကြောင်းပေါ် ကြည့်ပြီး ကိုယ်ကြိုက်တဲ့ ပုံစံလေးတွေကို လှအောင် ၀တ်ဖြစ်ပါတယ်လို့ ပြောသွားခဲ့ ပါတယ်။