1. Home
  2. Special or Others

မသေခင်မှာ မျက်ရည်ကျခဲ့တဲ့ သစ္စာရှိခွေးလေး

Special or Others พ.ค. 15, 2560 view 1,649

ခွေးတွေကို လူတွေရဲ့အကောင်းဆုံး မိတ်ဆွေတွေလို့ ခေါ်ကြပါတယ်။ ခွေးတွေဟာ ရဲရင့်တဲ့အစောင့်တွေလဲ ဖြစ်ပါတယ်။ သူတို့ရဲ့သခင်ကို အန္တရာယ်တွေကနေ အသက်စွန့်ကာကွယ်ကြသူတွေလဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ခွေးတစ်ကောင်ကလဲ ဒါကို သက်သေပြခဲ့ပါပြီ။ Merauke မှာနေတဲ့ Achy ဆိုသူဟာ သူ့ခွေးလေးရဲ့သနားစရာကောင်းတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ကို အင်တာနက်ပေါ်မှာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။

တစ်ရက်သော ညသန်းခေါင်မှာ လူတစ်စုက Achy တို့အိမ်ကို ၀င်ရောက်ဖို့ ကြံစည်ခဲ့ပါတယ်။ ဒါပေမယ့် Achy ရဲ့ သစ္စာရှိခွေးလေးဟာ ဟောင်ပြီး သူ့သခင်မိသားစုကို အသိပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့သခင်တွေက ကြောင် ဒါမှမဟုတ် တခြားသတ္တ၀ါကို ဟောင်နေတာဖြစ်မယ်ဆိုပြီး ဂရုမစိုက်မိခဲ့ကြပါဘူး။ တဖြည်းဖြည်းနဲ့ ခွေးဟောင်တာ ရပ်သွားတဲ့အချိန်မှာ Achy တို့ မိသားစုဟာလဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါတယ်။ ခွေးလေးရဲ့ သတ္တိကြောင့် သူခိုးတွေဟာလဲ Achy တို့အိမ်ကို မ၀င်ရောက်နိုင်ခဲ့ပါဘူး။

မနက်ခင်းရောက်တဲ့အချိန်မှာတော့ Achy တို့ဟာ သူတို့ခွေးလေးကို အဆိပ်မိပြီး သေလုမြောပါးဖြစ်နေတာ တွေ့လိုက်ရပါတယ်။ သူခိုးတွေဟာ အရမ်းဟောင်နေတဲ့ Achy တို့ရဲ့ခွေးလေးကို အဆိပ်ကျွေးခဲ့ကြပါတယ်။ တိရိစ္ဆာန်ဆေးကုခန်းသွားပြဖို့ကလဲ Achy တို့နေရာနဲ့ ဆေးခန်းနဲ့ အလွန်ပင်အလှမ်းကွာနေခဲ့ပါတယ်။

ဒါကြောင့် Achy တို့ဟာ ခွေးကို နို့ ၊ ဆီ နဲ့ အုန်းရည်တွေ တိုက်ပြီး အဆိပ်ဖြေဖို့ ကြိုးစားခဲ့ကြပေမယ့် ခွေးလေးရဲ့ အသက်ကိုဆုံးရှုံးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ မျက်ရည်ကျနေတဲ့ သူတို့ရဲ့သစ္စာရှိခွေးလေးရဲ့ ပုံလေးတွေကို ရိုက်ယူပြီး အင်တာနက်မှာ မျှဝေပေးခဲ့ပါတယ်။

သစ္စာစောင့်သိတဲ့ ခွေးလေးတွေကို ပိုပြီး ချစ်ခင် စောင့်ရှောက်ပေးကြပါနော်။



Follow us on