1. Home
  2. Movie Stars - Celebrity

စိတ်ပညာကို စိတ်ဝင်စားလို့ ရန်ကုန်တက္ကသိုလ်မှာ လေ့လာမယ့် ယွန်းယွန်း

Movie Stars - Celebrity พ.ค. 16, 2560 view 2,076

တက္ကသိုလ်ကျောင်းသူကြီးဖြစ်တော့မယ့် ယွန်းယွန်းက သူငယ်ငယ်လေးကတည်းက စိတ်ဝင်စားတဲ့ စိတ်ပညာဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်လေ့လာမယ်လို့ ပြောပါတယ်။

ယွန်းယွန်းက သူငယ်ငယ်တုန်းကတည်း စိတ်ပညာဆရာဝန် ဖြစ်ချင်ခဲ့ပေမယ့် ဆယ်တန်းအောင်တော့ အမှတ် ၄၀၀ ကျော်သာ ရခဲ့တာကြောင့် စိတ်ရောဂါ ဆရာဝန်မဖြစ်နိုင်ပေမယ့် စိတ်ပညာမေဂျာနဲ့ ရန်ကုန်တက္ကသိုလ်မှာ လေ့လာမယ်လို့ ပြောပါတယ်။

ပညာရေးရော ၊ အနုပညာပိုင်းရော မလစ်ဟင်းရအောင် ကြိုးစားနေတဲ့ သရုပ်ဆောင်ယွန်းယွန်းက အလှအပနဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုအတွက် အဆီများတဲ့ အစာတွေနဲ့ အိပ်ချင်စေမယ့် အစာတွေ မစားတာမျိုးလုပ်ပေမယ့် လက်ရှိခန္ဓာကိုယ်နဲ့ ကိုယ်အလေးချိန်က သူ့အသက်အရွယ်အတွက် အဆင်ပြေတဲ့အနေထားမှာ ရှိနေတဲ့အတွက် လွန်လွန်ကျူးကျူး ၀ိတ်ချတာမျိုး မလုပ်သေးဘူးလို့လဲ ပြောပါတယ်။

လက်ရှိမှာ သက်မွန်မြင့်နဲ့အတူ ကြော်ငြာရိုက်ကူးထားပြီး ဇာတ်ကားရိုက်ကူးမှုမရှိသေးလို့ စောင့်နေကြတဲ့ ပရိသတ်တွေကိုတော့ တောင်းပန်ပါတယ် လို့ ယွန်းယွန်းက 7Day သတင်းမှား ဖြေထားပါတယ်။

Source and Credit : 7Day Daily



Follow us on