1. Home
  2. Myanmar News

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်း...ရေယာဉ်များ သတိပြုသွားလာဖို့လို

Myanmar News พ.ค. 16, 2560 view 1,453

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာတာကြောင့် မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အများပြည်သူကို အခုလို သတိပေးထားပါတယ်။

 “ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ အနောက်တောင်မုတ်သုံလေဦးဟာ တိုးဝင်လာနေပြီဖြစ်ပါတယ်။ လေတိုက်နှုန်းတွေတိုးမြင့်လာခြင်းနဲ့အတူ ပင်လယ်ပြင်မှာလည်း Drift Current
တွေလည်း ပိုမိုအားကောင်းလာနေပါတယ်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး တဖြည်းဖြည်းနဲ့ ပိုမိုအားကောင်းလာနေပါတယ်။ မုန်တိုင်းတစ်ခုဖြစ်လာဖို့ အလားအလာလည်းရှိနေပြီး သေချာမှု ၆% -၈% ခန့်အထိ ရှိနေပါတယ်။

မုန်တိုင်းဖြစ်လာဖို့ မေလ(၂၀)ခန့်အထိ ကြာနိုင်သေးပေမယ့် ကပ္ပလီပင်လယ်ပြင်အတွင်းမှာတော့ လေ၊ လှိုင်း၊ မိုး ပြင်းထန်နိုင်တဲ့အတွက် ရေယာဉ်များအနေနဲ့ သတိပြုသွားလာကြဖို့ လိုအပ်ပါတယ်။

ဒေါက်တာထွန်းလွင်”

Credit : ဒေါက်တာထွန်းလွင် ဖေ့စ်ဘွတ်



Follow us on