မိုင်းနဲ့ မူးယစ်ဆေးဝါးရှာဖွေခြင်း သင်တန်းဆင်း လုံခြုံရေးခွေးတွေအတွက် ပရဟိတအဖွဲ့ ဖွဲ့ပြီး ကူညီသွားမယ်လို့ သင်္ကြန်ကာလအတွင်း တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့တဲ့ တပ်ကြပ်ကြီး မိုက်ကယ် ကွယ်လွန်ခြင်း (၁) လပြည့်အခမ်းအနားမှာ အသိပေးပြောကြားခဲ့ပါတယ်။
မိုင်းနဲ့ မူးယစ်ဆေးဝါး ရှာဖွေတဲ့ခွေးတွေကို ကူညီထောက်ပံ့လှူဒါန်းချင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ For Brave Dog ပရဟိတအဖွဲ့ကိုဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒီအဖွဲ့ကနေတဆင့် မိုင်းရှင်းခွေးတွေရဲ့ နေထိုင်စားသောက်ရေးအပါအ၀င် ကာကွယ်ဆေးထိုးတာတွေအတွက် ကူညီထောက်ပံ့ဖို့ အလှူငွေလှူဒါန်းနိုင်မှာလဲ ဖြစ်ပါတယ်။
ဒီပရဟိတအဖွဲ့ကို ဒါရိုက်တာ ကြည်ဖြူသျှင်က တည်ထောင်ထားဖြစ်ပြီး အသေးစိတ်ကို ဗီဒီယိုဖိုင်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်...