1. Home
  2. Good Morning Myanmar

ရောင်းချပြီး တန်ဖိုးနည်းအိမ်ရာများ လျှပ်စစ်မီးလုံလောက်မှုမရှိ

Good Morning Myanmar พ.ค. 16, 2560 view 1,409

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆောင်လုပ်ရေးဝန်ကြီးဌာနကနေတန်ဖိုးနည်းအိမ်ရာတွေကို ဆောက်လုပ်ပြီးစီး ရောင်းချခဲ့ပေမယ့် လက်ရှိမှာတော့ တန်ဖိုးနည်း အိမ်ရာအများစုမှာလျှပ်စစ်မီး အလုံအလောက် မရရှိသေးကြောင်း မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေတစ်ဆင့် သိရတာပါ။ရောင်းချပြီးခဲ့တဲ့ ယုဇန အိမ်ရာအပိုင်း(၁)၊(၂)၊လှိုင်သာယာ ရွှေလင်းပန်းအိမ်ရာ(၁)(၂)(၃) နဲ့ကျန်စစ်မင်းအိမ်ရာ အပိုင်း (၁)တို့ကို မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရောင်းချခဲ့ပြီးခဲ့ပေမယ့် လျှပ်စစ်မီးရရှိဖို့ချိတ်ဆက်သွယ်တန်းနိုင်ရန် ဓာတ်တိုင်တွေတည်ဆောက်ဖို့ ဘက်ဂျက်မရှိသေးကြောင်းသိရပါတယ်။ ၂၀၁၇-၁၈ အထိ လျှပ်စစ်မီးဓာတ်တိုင်တည်ဆောက်ဖို့ဘက်ဂျက်မရရှိနိုင်သေးကြောင်းသတင်းမှာဖော်ပြထားပါတယ်။



Follow us on