အဆိုတော် ထူးအယ်လင်းက အဖြူရာင်နှလုံးသား ပရဟိတအသင်းနဲ့အတူ ဒုတိယအကြိမ်အဖြစ် ရေရှားပါးအရပ်ဒေသဖြစ်တဲ့ အိမ်ခြေ ၃၀၀ ကျော်ရှိ ကျုံဟော်ရွာမှာ ရေဂါလံ ၁၈၀၀၀ လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် မေလ ၂၁ ရက်မှာလဲ အနုပညာရှင်များ အလှူရှင်များ ပရဟိတအသင်းများနဲ့အတူ ပေါင်မြို့နယ် တိုက်နယ်ဆေးရုံနဲ့ ကျေးရွာများအတွက် လှူဒါန်းဖို့ရှိသလို လစဉ်လဲ အဖြူရောင်နှလုံးသား ပရဟိတအသင်းနဲ့အတူ သောက်သုံးရေ ဆက်လက်လှူဒါန်းသွားမယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။
လှူဒါန်းခဲ့ကြတဲ့ အလှူရှင်များကိုလဲ “အလှူ့ ရှင်များ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ
ရေအကျိုးဆယ်ပါး မတောင်းပဲပြည့်လို့ နောက်ထပ်အလှူ့ရှင်များကို ဖိတ်ခေါ်ပါတယ်ဗျ” ဆုတောင်းစကားဆိုထားပါသေးတယ်။
အဆိုတော်ထူးအယ်လင်းကိုယ်တိုင်လဲ ရေအကျိုးဆယ်ပါး မတောင်းဘဲ ပြည့်ပါစေ …
Source : ထူးအယ်လင်း ဖေ့စ်ဘွတ်