1. Home
  2. Good Morning Myanmar

ရန်ကုန်နောက်ဖေးလမ်းကြားတွင် ပန်းခြံတည်ဆောက်မည်

Good Morning Myanmar พ.ค. 16, 2560 view 1,426

၃၉လမ်းနဲ့ကမ်းနားလမ်းနောက်ဖေးလမ်းကြားကို အနားယူနိုင်ရန် ပန်းခြံအဖြစ်ပုံဖော်နေပါတယ်။ အဆိုပါနောက်ဖေးလမ်းကြားတွင် အနားယူနိုင်ရန် ပန်းခြံအသွင်ပုံဖော်မည် ဖြစ်ကာနံရံဆေးရေးပန်းချီ၊ စားပင်သီးပင်များ စိုက်ပျိုးခြင်းတွေကို တို့အိမ်အဖွဲ့နဲ့၃၉လမ်းအဖွဲ့သားများ စုပေါင်းလုပ်ဆောင်နေပါတယ်။ လက်ရှိမှတော့စိတ်ဝင်စားသူတွေက ပူးပေါင်းဆောင်ရွက်နေသော်လည်းလူအချို့က အမှိုက်တွေပစ်ချခြင်း၊စွန့်ပစ်ခြင်းတွေ ရှိဆဲလို့သိရပါတယ်။ ကုန်ကျစရိတ်ကို တို့အိမ်က ၈၀ရာခိုင်နှုန်းကုန်ကျခံပြီး ၃၉လမ်း ရပ်မိရပ်ဖ အဖွဲ့က ၂၀ရာခိုင်နှုန်း အကုန်အကျခံဆောင်ရွက်သွားမှာပါ။



Follow us on